Healthy Life Ad
Life Style

တစ်ကျော့ပြန် ခေတ်စားလာသော ခရုပက်ကျိဖြင့် အလှပြင်သည့် နည်းပညာ

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေက နုပျို လှပဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အဆက်မပြတ် ရှာဖွေလျက် ရှိပါတယ်။ မျက်နှာကို ခရုပက်ကျိရဲ့ အချွဲကို သုံးပြီး ကုသတာက အိုမင်းမှုကို ဟန့်တား ပေးနိုင်စွမ်း ရှိတယ်လို့ လတ်တလော လေ့လာမှုတွေအရ သိရပါတယ်။ ခရုပက်ကျိဟာ အသားအရေရဲ့ ရောင်ရမ်းမှုကို လျော့ကျစေကြောင်း ရှေးဟောင်း ဂရိလူမျိုးတွေက တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

အခု နောက်ပိုင်းမှာ တောင်ကိုးရီးယား အလှကုန် ပိုင်ရှင်တွေဟာ ခရုပက်ကျိကရတဲ့ အနှစ်ကို သုံးပြီး အိုမင်းမှုတား ခရင်မ်ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ ခရင်မ်ဟာ အသားအရေကို နူးညံ့ အားပြည့်စေပြီး အနာကျက်စေပါတယ်။

ခရုပက်ကျိက ထွက်တဲ့ အချွဲနဲ့ အရည်တွေမှာ ဟိုက်ရာလူရိုးနစ် အက်စစ်၊ ဂလိုင်ကိုပရိုတင်း အင်ဇိုင်း၊ မရှိမဖြစ် အာဟာရနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အကြိမ်များစွာ စစ်ထုတ်ပြီး သန့်စင်အောင် လုပ်ကာ အလှကုန်တွေထဲ ထည့်သွင်း ပြုလုပ် လာကြတာပါ။

ခရုပက်ကျိရဲ့အချွဲတွေမှာ ပရိုတင်း၊ ဂလိုင်ကောလစ်အက်စစ်နဲ့ အီလက်စတင်တို့ ရောနှော ပါဝင်တာကြောင့် အသားအရေကို အိုမင်း၊ ကူးစက်ပိုး ဝင်တာနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုတွေ မကျရောက်အောင် ကာကွယ်ပေးပါတယ်။

ခရုပက်ကျိ အချွဲပါတဲ့ ခရင်မ်ကို လိမ်းတာကြောင့် အသားအရေကို စိုပြည်စေပြီး အရေးကြောင်းတွေနဲ့ အရေးကြောင်း ပါးပါးလေးတွေကို သိသိသာသာ လျော့ကျစေတယ်လို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

တချို့လူတွေက ခရုပက်ကျိ အချွဲဟာ ဝက်ခြံကို ပျောက်စေတယ်၊ ဝက်ခြံ မပေါက်အောင် ကာကွယ်ပေးပြီး အသားအရေ ခြောက်သွေ့တာ၊ အမည်းစက် ထင်တာတွေ မဖြစ်အောင် ကာကွယ်ပေးသလို အနာနဲ့ မီးပူလောင်ရာတွေကို မြန်မြန် အနာ ကျက်စေတယ်လို့ လေ့လာမှုလေးတွေအရ သိရပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top