Healthy Life Ad
Health Tips

ပူပင်သောက များလွန်းနေပြီဆိုလျှင်…

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ပူပင်စိတ်ဟာ လူ့ခန္ဓာကိုယ်နဲ့ စိတ်ကိုထိခိုက်စေတာကြောင့် ပူပင်သောကဝင်လာပြီဆိုတာနဲ့ အမြန်မောင်းထုတ်ပစ်နိုင်ဖို့ အရေးကြီးလှပါတယ်။

– အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ပူပင်သောကကို လျော့ကျစေနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်း က ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး ဝမ်းဗိုက်ရှေ့မှာ လက်ဖဝါးထိကပ်ထားပါ။ ပြီးရင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ၊ ဝမ်းဗိုက်ကျယ်ပြန့်လာပါလိမ့်မယ်။ အချိန် ၅ စက္ကန့်လောက် အသက်ရှူအောင့်ထားပြီးမှ လေ ကိုပြန်ထုတ်လိုက်ပါ။

– ကြက်သီးနွေးရေချိုးပါ

ကြက်သီးနွေးရေချိုးတာကြောင့် စိုးရိမ်သောကကိုလျော့ကျစေပါတယ်။ ချိုးရေထဲ သံပရာနံ့၊ ဗနီလာနံ့စတဲ့ ရနံ့ဆီထည့်ချိုးတာကြောင့် ပူပင်သောကကိုပြေလျော့စေပါတယ်။ စိုးရိမ်စိတ်များနေချိန်မှာ နားထင်၊ နဖူးနေရာတွေကို လာဗန်ဒါဆီ အနည်းငယ်တို့ပြီး နှိပ်လိုက်ပါ၊ သက်သာသွားပါလိမ့်မယ်။

– ကဖင်းဓာတ်ကို အလွန်အမင်း မမှီဝဲသင့်

ကဖင်းဓာတ်များများပါတဲ့ ကော်ဖီနဲ့ လက်ဖက်ရည်ကိုသောက်တာကြောင့် ပူပင်သောကကို တိုးစေပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲချိန်မှာ ကော်ဖီလျှော့သောက်ပါ။ စွမ်းအားဖြည့်အချိုရည်တွေကိုလည်း ရှောင်ရပါမယ်။

– လေ့ကျင့်ခန်းကို ညင်ညင်သာသာလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် ဦးနှောက်ထဲမှာ ပျော်ရွှင်စေတဲ့ဓာတ်တွေ အထွက်တိုးလာပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့မှာ ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။

– စိတ်ပျော်မွေ့ရာ ဝါသနာကို လိုက်စားပါ

သစ်ပင်ပန်းပင်စိုက်ပျိုးတာ၊ တောင်တက်တာအစရှိတဲ့ ဝါသနာကို လိုက်စားတာကြောင့် စိတ်ပူပင်သောကကို ပြေလျော့စေပါတယ်။

– ရေနွေးကြမ်းသောက်ပါ

လက်ဖက်ခြောက်နှပ်ထားတဲ့ ရေနွေးကြမ်းပူပူသောက် တာကြောင့် စိတ်တည်ငြိမ်စေပါ တယ်။ ညဘက်မှာ ပူပင်စိတ်ကြောင့် အိပ်မပျော်ရင် နွားနို့တစ်ခွက်သောက်လိုက်ပါ။

– နေ့စဉ် ဗီတာမင်ဘီအုပ်စု အားဆေးမှီဝဲပါ

ဗီတာမင်ဘီအုပ်စုဟာ စိတ်ဖိစီးမှုနဲ့ ပူပင်သောကကိုလျော့ကျစေကြောင်း လေ့လာမှုတွေ ဖော်ပြ ထားပါတယ်။ ဗီတာမင် B6ဟာ ခန္ဓာကိုယ်ထဲမှာကောင်းတဲ့ ဓာတ်ဆီရိုတိုနင်အထွက်တိုးစေတဲ့ ဗီတာမင်ဖြစ်ပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top