Healthy Life Ad
Health Tips

TONER သုံးတာက အသားအရေမှာ ဘာကောင်းကျိုးတွေ ရနိုင်သလဲ

၊ ငွေကြယ်စင်ယံ ၊

ချွေးပေါက်ကျဉ်း ဆေးရည်လို့ လူအများ သိကြတဲ့ Toner ကို ရွေးချယ် အသုံးပြုမယ်ဆိုရင် အယ်လ်ကိုဟော မပါတဲ့ အမျိုးအစားကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ ဒါဆိုရင် အသားအရေအတွက် အောက်ပါ ကောင်းကျိုးတွေ ရနိုင်ပါတယ်။

– မျက်နှာသစ်ပြီးခါစမှာ Toner ရည် စွတ်ထားတဲ့ ဂွမ်းစနဲ့ မျက်နှာပြင်အနှံ့ ညင်ညင်သာသာ လိမ်းပေးတာကြောင့် အရေပြားမှာ ကျန်ရစ်နေတဲ့ အညစ်အကြေး အကြွင်းအကျန်တွေကို ကင်းစင် သွားစေပါတယ်။

– အသားအရေရဲ့ စံအဆင့်ကို ဟန်ချက် ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။

– Toner လိမ်းပြီးသွားတဲ့အခါ နောက်တစ်ဆင့် လိမ်းရမယ့် ဆီကြည်(Serum) နဲ့ အစိုဓာတ် ထိန်းခရင်မ် (Moisturizer)တို့ လိမ်းဖို့ အသားအရေကို အဆင်သင့် ဖြစ်သွားစေပါတယ်။

– အသားအရေကို လန်းဆန်းပြီး ရေဓာတ် ပြည့်ဝစေပါတယ်။

– အသားအရေကို အနာကျက်စေပြီး အေးမြ သွားစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top