Healthy Life Ad
Health Tips

အဆီကျိတ်ကို မခွဲစိတ်ဘဲ သက်သာအောင် ကုသနည်း

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အဆီကျိတ် (Lipoma) ဆိုတာ အရေပြားအောက်မှာ ကြီးထွားနေတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်ပါ။ အဆီကျိတ်မှာ အဆီဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ခြေရှိပေမယ့် အသက် ၄၀နဲ့ ၆၀ကြား အရွယ်တွေမှာ ပိုပြီးသိသိသာသာ မြင်တွေ့နိုင်ပါတယ်။ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှာမဆို အဆီကျိတ် ဖြစ်ပေါ်နိုင်ပေမယ့် ချိုင်းကြား၊ လက်မောင်း၊ လည်ပင်း၊ တင်ပါးနဲ့ ပေါင်နေရာတွေမှာ အတွေ့ရများပါတယ်။ အဆီကျိတ်အရွယ်အစားက ၂လက်မက နေ ၈ လက်မအထိ ရှိပြီး အများအားဖြင့် အဲဒီအဆီကျိတ်ကြောင့် စိတ်မသက်မသာ ဖြစ်နေတဲ့အခါ ဖယ်ရှားလေ့ ရှိပါတယ်။ အဆီကျိတ်က နာကျင်တဲ့ အခြေအနေမဟုတ်ပေမယ့် ထိလိုက်ရင် ဒါမှမဟုတ် ဖိအားပေးလိုက်ရင် ခပ်တင်းတင်းလေး ဖြစ်နေတတ်ပါတယ်။

ဆေးကုသမှု

အခုအခါမှာ အဆီကျိတ်ကို အောက်ပါနည်းတွေနဲ့ ကုသမှုပေးလေ့ ရှိပါတယ်။

– စတီးရွိုက်ထိုးခြင်း
အဆီကျိတ်ထဲကို စတီးရွိုက်ထိုးဆေး တိုက်ရိုက်ထိုးထည့်တာကြောင့် အဆီကျိတ်အရွယ်အစား ကျုံ့သွားနိုင်ပါတယ်။

– လေဆာနည်း
လေဆာနည်း ဒါမှမဟုတ် အာထရာဆိုးနစ်နည်းနဲ့လည်း အဆီဆဲလ်တွေပြည့်နေတဲ့ အကျိတ်ကို စုပ်ထုတ်နိုင်ပါတယ်။

– ခွဲစိတ်ကုသမှု
အကျိတ်က ကြီးထွားနေဆဲဖြစ်ရင် ခွဲစိတ်ကုသမှု ပြုလုပ်တာက အကျိုးရှိပါတယ်။ အဆီစုပ်ထုပ်တဲ့နည်းနဲ့ ခွဲစိတ်တဲ့နည်းမှာ အမာရွတ်ကျန်တာ၊ ပိုးဝင်တာ စတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေရှိပေမယ့် ရှားပါတယ်။

*သဘာဝ ကုထုံး*
အဆီကျိတ်ဖယ်ရှားဖို့အတွက် သဘာဝနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် စတီးရွိုက်ထိုးထည့်တာ၊ အဆီစုပ်ထုတ်တာ၊ ခွဲစိတ်ကုသတာတွေလောက် မမြန်ပါဘူး။ ဒါပေမဲ့ စိတ်ရှည်ရှည်ထားမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်သာသွားမှာပါ။

– အဆီများသော အစာတို့ကို တတ်နိုင်သမျှရှောင်ပါ
အဆီကျိတ်မှာ အဆီဆဲလ်တွေ ပြည့်နေတာကြောင့် အဆီများတဲ့ အစာတွေစားတာကို လျှော့ချဖို့ အရေးကြီးပါတယ်။ နေ့စဉ်စားတဲ့ အစာထဲ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ ထည့်စားပါ။ အသားနဲ့ မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းကို တတ်နိုင်သမျှ လျှော့စားပါ။

– တာရှည်ခံစေရန် ပြုပြင်ထားသော အစာတို့ကို ရှောင်ပါ
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှရှောင်ပါ။ အထူးသဖြင့် အရောင်၊ အနံ့နဲ့ အရသာကောင်းအောင် လူလုပ်ထားတဲ့ ဓာတုပစ္စည်း အများအပြားပါဝင်တဲ့ ပြုပြင်ထားတဲ့ အစာတွေက အရေပြားမှာ အဆီကျိတ်ဖြစ်အောင် အားပေးနိုင်တဲ့အတွက် ရှောင်ပါ။

– အဆီကျိတ်ပေါ် နနွင်းမှုန့် ပျစ်ပျစ်ဖျော်ပြီး လိမ်းပါ
နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်ဟာ အဆီကျိတ်အရွယ်အစားကို လျော့ကျစေပါတယ်။ နနွင်းမှုန့်ထဲ သံလွင်ဆီ အစက်အနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်မွှေပါ။ အဲဒီအရောအနှောကို အဆီကျိတ်ပေါ် သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

– ကြက်ဆူဆီ လိမ်းပါ
အဆီကျိတ်ပေါ် ကြက်ဆူဆီ သုတ်လိမ်းပေးတာကြောင့် အကျိတ်အရွယ်အစား လျော့ကျစေပါတယ်။

– သံပရာရည် သို့မဟုတ် လက်ဖက်စိမ်း လက်ဖက်ရည်များများ သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည်က ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ သံပရာရည်က အဆီတွေကို ပျော်ဝင်စေတဲ့အပြင် အဆိပ်အတောက်တွေလည်း ကင်းစင်စေပါ တယ်။ ဒါကြောင့် လက်ဖက်စိမ်းလက်ဖက်ရည် ဒါမှမဟုတ် သံပရာရည်ကို ပုံမှန်သောက်တာက အဆီကျိတ်အရွယ်အစားကို လျော့ကျစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top