Healthy Life Ad
Child

ဘာကြောင့် အိပ်ရာနာ ဖြစ်တတ်သလဲ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အိပ်ရာနာ (Pressure Sore)က အဖြစ်မများလောက်ဘူးလ ို့ထင်ရပေမယ့် နာတာရှည်ရောဂါရှိသူတွေဟာ အိပ်ရာနာကြောင့် ကျန်းမာရေး ယိုယွင်းထိခိုက်မှု့ အကြီးအကျယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာနာ ဖြစ်နိုင်ခြေများသူတွေအကြောင်း သိရှိနားလည်ပြီး ဆင်ခြင်ဂရုစိုက်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

†- အသက်ကြီးသူ
အသက်ကြီးလာတဲ့အခါ အရေပြားတွေက ပိုမိုပါးလျလာတာကြောင့် အကြောင်းအမျိုးမျိုးကြောင့် အိပ်ရာထဲမှာ ကြာကြာလှဲလျောင်းနေရတဲ့ အခြေအနေတွေမှာ အိပ်ရာနာ ဖြစ်တတ်ပါတယ်။

†– မတော်တဆ ထိခိုက်ဒဏ်ရာရထားသူ
မတော်တဆ ထိခိုက်မှုတစ်ခုခု ဒါမှမဟုတ် ပြင်းထန်တဲ့ဝေဒနာတစ်ခုခုကြောင့် အိမ်မှာနေပြီး ပြုစုစောင့်ရှောက်မှု ခံယူနေရသူတွေဟာ အိပ်ရာနာဖြစ်နှုန်း မြင့်မားတတ်ပါတယ်။

†- မလှုပ်ရှားနိုင်သူ
ခန္ဓာကိုယ်ကို လှုပ်ရှားမှု့ မလုပ်နိုင်တဲ့သူတွေ အိပ်ရာထဲ ကြာကြာလှဲလျောင်းနေရတဲ့အခါ ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု့ လျော့ကျသွားတာကြောင့် အိပ်ရာနာ ဖြစ်နိုင်ခြေများပါတယ်။

†- ဆီးမထိန်းနိုင်သူ
ဆီးအိမ် ထိန်းချုပ်နိုင်စွမ်းမှာ ပြဿနာရှိသူတွေက အိပ်ရာနာ ဖြစ်နိုင်ခြေအလွန်များပါတယ်။

†- အာဟာရချို့တဲ့သူ
အာဟာရဓာတ်ချို့တဲ့ပြီး အစားအသောက်ကို အလုံအလောက် မစားတဲ့သူတွေ အိပ်ရာထဲမှာ ကြာကြာ လှဲလျောင်းနေရရင် အိပ်ရာနာ ဖြစ်နိုင်ခြေများပါတယ်။

†- ဆီးချိုရောဂါနှင့် သွေးကြောရောဂါရှိသူ
ဆီးချိုရောဂါနဲ့ သွေးကြောရောဂါဝေဒနာရှိသူတွေဟာ တစ်ကိုယ်လုံး သွေးလှည့်ပတ်မှု့ လျော့ကျတာနဲ့ နာကျင်မှုကိုမသိတာကြောင့် အိပ်ရာနာဖြစ်နှုန်း များတတ်ပါတယ်။

†– နာကျင်မှု မသိသူ
ခန္ဓာကိုယ် နာကျင်မှုကိုမသိတဲ့အတွက် အိပ်ရာထဲ လှဲနေရင်း ခန္ဓာကိုယ်ကို ဘယ်ညာမစောင်းဖြစ်တာကြောင့် အိပ်ရာနာဖြစ်နှုန်း များတတ်ပါတယ်။

†- ဆေးလိပ်သောက်သူ
ဆေးလိပ် သောက်သူတွေက ဆေးလိပ် မသောက်သူတွေထက် အိပ်ရာနာဖြစ်နှုန်း ပိုများတတ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top