Healthy Life Ad
Health Tips

သင့်ကိုရောဂါဖြစ်စေနိုင်သော စိတ်ခံစားချက်၁၅မျိုး

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

နာမကျန်းမှုကင်းဝေးပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်လိုပါသလား။ ရောဂါဝေဒနာဖြစ်တယ်ဆိုတာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှု၊ အဆိပ်အတောက် ဒါမှမဟုတ် ကူးစက်ပိုးစတာတွေထိတွေ့မှုနဲ့ မျိုးရိုးဗီဇရှိတာတွေက ရောဂါဖြစ်စေနိုင်တယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ ဒီအချက်တွေအပြင် သင့်ကိုရောဂါဝေဒနာရစေနိုင်တဲ့ အတွေးတွေကိုလည်း ဆင်ခြင်ဖို့လိုပါတယ်။ လေ့လာမှုအရ လူ၇၀ရာခိုင်နှုန်းရဲ့ နာမကျန်းဖြစ်ရတဲ့အကြောင်းရင်းက မတွေးသင့်တဲ့အတွေးတွေကြောင့် ဖြစ်ရတယ်လို့ သိရပါတယ်။ မတွေးသင့်တဲ့စိတ်ခံစားချက်၁၅မျိုးဟာ သင့်ကို မတူညီတဲ့ကျန်းမာရေးဝေဒနာတွေ ဖြစ်စေနိုင်ပါတယ်။

(၁) မနာလိုသော စိတ်ခံစားချက်

သူတစ်ပါးကိုမနာလိုတဲ့ စိတ်ခံစားချက်ဖြစ်ပေါ်နေရင် ကိုယ်ခံစွမ်းအားစနစ်အားနည်းပြီး ကင်ဆာရောဂါ အမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။

(၂) ဒေါသထွက်နေသော စိတ်ခံစားချက်

စိတ်တိုဒေါသထွက်တဲ့အခါ အသက်ရှူ လမ်းကြောင်းစနစ်မှာပြဿ      နာဖြစ်စေနိုင်ပါတယ်။

(၃) လက်စားချေလက်တုံ့ပြန်လိုသော စိတ်ခံစားချက်

တစ်ဖက်သားကိုလက်စားချေလိုတဲ့စိတ်၊ လက်တုံ့ပြန်လိုတဲ့ စိတ်ခံစားချက်တွေရှိနေရင်လည်း ချောင်းဝေဒနာရတာ၊ အိပ်မပျော်တာနဲ့ အမျိုးမျိုးသောအိပ်စက်မှုဆိုင်ရာဝေဒနာတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၄) ယုံကြည်မှုမရှိဘဲ ချီတုံချတုံဖြစ်ပြီး ဝေခွဲမရဖြစ်သောစိတ်ခံစားချက်

ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ရောင်ရမ်းတာနဲ့ ဆီးချိုသွေးချိုရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

(၅) ကိုယ်ကျင့်တရား ဖောက်ပြန်သောစိတ်ခံစားချက်

ကိုယ်ကျင့်တရားဖောက်ပြန်တဲ့ ခံစားချက်ရှိနေရင် ကူးစက်ပိုးဝင်တာ၊ အရေပြားရောဂါဝေဒနာတွေဖြစ်တာနဲ့ နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင် ပါတယ်။

(၆) ရန်လိုသော စိတ်ခံစားချက်

ရန်လိုတဲ့စိတ်ခံစားချက်ရှိနေတာကြောင့် ရင်ပူတဲ့ဝေဒနာနဲ့ အစာအိမ်အနာဖြစ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၇) လိမ်ညာသော စိတ်ခံစားချက်

လိမ်ညာတတ်တဲ့စိတ်ခံစားချက်ရှိသူတွေဟာ အရက်စွဲတာ၊ ကပ်ပါးပိုးဝင်လွယ်တာနဲ့ ကိုယ်ခံစွမ်း အားစနစ်အားနည်းတာစတဲ့ဝေဒနာတွေ ဖြစ်စေနိုင်ပါတယ်။

(၈) ရက်စက်ကြမ်းကြုတ်သော စိတ်ခံစားချက်

ရက်စက်ကြမ်းကြုတ်တဲ့စိတ်ခံစားချက်ရှိရင် သွေးအားနည်းတာ၊ ရင်ကျပ်ပန်းနာရောဂါဖြစ်တာနဲ့ တက်တာ(Epilepsy) တို့ကိုဖြစ်စေနိုင်ပါတယ်။

(၉) ပတ်ဝန်းကျင်နှင့် ထိတွေ့ပြီးမဆက်ဆံလိုသော စိတ်ခံစားချက်

ပတ်ဝန်းကျင်နဲ့မဆက်ဆံဘဲ သီးခြားနေချင်တဲ့စိတ်ခံစားချက်ရှိရင် ကျောက်ကပ်ရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

(၁၀) ပြဿ     နာရှာနေသော စိတ်ခံစားချက်

အမြဲလိုလို ပြဿ     နာရှာတတ်တဲ့ စိတ်ခံစားချက်ရှိရင် သိုင်းရွိုက်ကြီးတတ်ပါတယ်။

(၁၁) ဘာကိုမှ စိတ်မပါသော စိတ်ခံစားချက်

ဘယ်အလုပ်ကိုမှ စိတ်မပါတဲ့စိတ်ခံစားချက်ရှိရင် ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါတယ်။

(၁၂) စိတ်ပြောင်းလွယ်သော စိတ်ခံစားချက်

ပြောင်းလဲလွယ်တဲ့ စိတ်ခံစားချက်ရှိရင် မျိုးအောင်နိုင်စွမ်းထိခိုက်စေနိုင်ပါတယ်။

(၁၃) ရင့်သီးပြီး ဆဲရေးတိုင်းထွာတတ်သော စိတ်ခံစားချက်

နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါတို့ ဖြစ်စေနိုင်ပါတယ်။

(၁၄) လောဘကြီးသော စိတ်ခံစားချက်

လောဘကြီးတဲ့စိတ်ခံစားချက်ရှိတာကြောင့် အကျိတ်ပေါက်တာ၊ အဝလွန်တာနဲ့ နှလုံးရောဂါခံစားရတာတို့ ဖြစ်စေနိုင်ပါတယ်။

(၁၅) ပူပင်သောကများသော စိတ်ခံစားချက်

ပူပင်သောကများတဲ့အတွေးရှိရင် အရေပြားပြဿ      နာဖြစ်တာ၊ နှလုံးရောဂါနဲ့ အစာခြေလမ်း ကြောင်းစနစ်ထိခိုက်တာတို့ ဖြစ်စေနိုင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top