Healthy Life Ad
International

တစ်နေ့အကြိမ်တစ်သောင်းနှစ်ထောင် နှာချေသော မိန်းကလေး

နှာချေခြင်းကို စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ရှုပ်စိတ်ပျက်စရာလို့ သိထားကြပါတယ်။ လူတွေဟာ အများအားဖြင့် အအေးမိတဲ့အခါ ဒါမှမဟုတ် ဓာတ်မတည့်မှုခံစားရတဲ့အခါ နှာချေကြပါတယ်။ ဒါကလည်း တစ်ရက်ကို အကြိမ်တစ်ဒါဇင်ထက်မ ပိုပါဘူး။ နေပြန်ကောင်း တဲ့အခါ ရပ်သွားလေ့ရှိပါတယ်။

အသက် ၁၂ နှစ်အရွယ် ခုနစ်တန်းကျောင်းသူ၊ ကျောင်းတီးဝိုင်းမှာ ကလယ်ရီနက်မှုတ်ခဲ့တဲ့ ကိတ်လင်းသွန်းလေးအတွက်တော့ မရပ် တန့်ခဲ့ပါဘူး။နှာချေခြင်းဝေဒနာကို ဆိုးဆိုးရွားရွားခံစားနေရပြီး တစ်နေ့ကို အကြိမ်တစ်သောင်းနှစ်ထောင်နီးပါး နှာချေလေ့ရှိပါတယ်။ ဒါဟာ တစ်မိနစ်ကို အကြိမ် ၂၀နှုန်းလောက်ရှိပါ တယ်။ ကိတ်လင်းရဲ့ နှာချေဝေဒနာက ရုတ်တရက်ဆိုသလို ဖြစ်လာခဲ့တာပါ။ ပထမတော့ ဓာတ်မတည့်လို့ ဒါမှမဟုတ် ကလယ်ရီနက်အတံကို သေသေချာချာ မဆေးမိလို့ဖြစ်တယ်ထင်ခဲ့တယ်လို့ကိတ်လင်းကပြောပြခဲ့ပါတယ်။

ရောဂါကြောင့် ဝမ်းဗိုက်နာကျင်တဲ့ ဝေဒနာကို ပုံမှန်ခံစားနေရပြီး သူရဲ့ခြေေ ထာက်တွေလည်း ချည့်နဲ့လာနေပါတယ်။ကိတ်လင်းရဲ့ မိသား စုဟာ သမားတော်တစ်ယောက်ပြီး တစ်ယောက်နဲ့ပြသခဲ့တဲ့အခါ ဆရာဝန်အားလုံးက ဗိုင်းရပ်စ်ကြောင့်ရောဓာတ်မတည့်တာကြောင့်ရော
နှာချေတာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတာလို့ ယူဆကြပါတယ်။ သူရဲ့ဖခင်က လည်း ဒါဟာဖြစ်နိုင်တယ်လို့ ယူဆပြီး “သမီး လေးရှေ့မှာ နှာချေတဲ့အကြောင်းပြောလိုက်တာနဲ့ သူဟာ ဒေါသတွေထွက်လာပြီး အဆက် မပြတ်ကို နှာချေတော့တာပဲဗျာ”လို့ ဆိုပါတယ်။

ဘီတဲလ်သီချင်းတွေ နားထောင်တာက ကိတ်လင်းကိုသက်သာရာရစေပြီး သူနှာမချေတဲ့တစ်ခုတည်းသောအချိန်က ဘန်နာဒ ရိုင်းသော က်ပြီး အိပ်တဲ့အချိန်ပြဲ ဖစ်ပါတယ်။တစ်ခါတစ်ရံတော့ သမီးခန္ဓာကိုယ်ထဲက ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းအိပ်နေတဲ့ သမီးကိုယ် သမီးပြန် ကြည့်လိုက်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သမီးက အိမ်မက်ထဲမှာလည်း နှာချေနေရလို့ပါလို့ သနားစဖွယ် ရင်ဖွင့်ရှာပါတယ်။ ကိတ်လင်း ကတော့ သူရဲ့အခြေအနေကို အကောင်းမြင်စိတ်ထားနဲ့ တစ်နေ့မှာ ရောဂါပျောက်ကင်းပြီး ရယ်မောပျော်ရွှင်နိုင်မယ့်ဘဝကိုပြန်လည် ရရှိမယ်လို့ မျှော်လင့်နေပါတော့တယ်။

Most Popular

Healthy Life Ad
To Top