Healthy Life Ad
Life Style

ကိုယ်လုံးသေးသွယ်သည့် မိန်းကလေးများအတွက် ဖက်ရှင်လမ်းညွှန်

———၊ လရိပ်မေ ၊———

ကိုယ်လုံးသေးသွယ်တဲ့ မိန်းကလေးတွေဟာ ရင်သားသေးငယ်ပြီး ခန္ဓာကိုယ်အချိုးအစားက သေးတာကြောင့် အဝတ်အစားဝတ်ဆင်ရာမှာ အခက်အခဲ တွေ့ရတတ်ပါတယ်။ အကြောင်းကတော့ ခေတ်ပေါ်ရယ်ဒီမိတ် အင်္ကျီအများစုက ကိုယ်လုံးသေးလွန်းသူတွေအတွက် အဆင်မပြေတတ်တာကြောင့်ပါ။ ဒါကြောင့် ကိုယ်လုံးသေးတဲ့ မိန်းကလေးတွေက ဖက်ရှင်ကျပြီး ကြည့်ကောင်းနေဖို့ရာအတွက် လိုက်နာသင့်တဲ့အချက်တွေကို အကြံပြုလိုက်ရပါတယ်။

(၁) အတွင်းခံအင်္ကျီ

ကိုယ်လုံးသေးသွယ်ပြီး ရင်သားသေးတဲ့ မိန်းကလေးတွေအနေနဲ့ သေးငယ်တဲ့ ရင်သားတွေကို ကြီးသယောင်ဖြစ်စေမယ့် အုံထူဘရာစီယာကို ဝတ်ဆင်ပါ။ ပုံသွင်းထားတဲ့ အခုအခံပါ ဘရာစီယာဟာ ရင်သားကို ပြည့်တင်းသယောင် ဖြစ်စေပါတယ်။ လူကသေးပြီး ရင်သားနေရာမှာ ချွန်ထွက်နေတာမျိုးမဖြစ်စေဖို့ စတုရန်းပုံ ထောင့်ကျတဲ့ ဘရာစီယာမျိုးကို ရွေးသင့်ပါတယ်။

(၂) တီရှပ်နှင့် အပေါ်ကုတ်အင်္ကျီ

ကောင်လေးတွေနဲ့မတူချင်ရင် တီရှပ်အင်္ကျီကို အရင်ဝတ်ဆင်ပြီး အပေါ်ကနေ မိန်းမဆန်တဲ့ လက်ပြတ်ကုတ်အင်္ကျီ၊ ခါးတိုကုတ်အင်္ကျီ စတဲ့ အပေါ်ကနေ ထပ်ဝတ်နိုင်တဲ့ အဆင်ဒီဇိုင်းဆန်းပြီး စတိုင်ကျတဲ့ အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ပေးပါ။ တခြားအင်္ကျီတွေ ဝတ်ရာမှာလည်း နှစ်ထပ်ဝတ်ဆင်ရတဲ့ အင်္ကျီတွေကို တတ်နိုင်သမျှရွေးဝတ်ပါ။ ဒါဟာ ပိန်သွယ်တယ်လို့ မထင်ရစေဘဲ ကြည့်ကောင်းစေပါတယ်။

(၃) ဘောင်းဘီ

သေးသွယ်တဲ့မိန်းကလေးအများစုဟာ ခန္ဓာကိုယ်တစ်လျှောက်လုံး သွယ်လျနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို နှစ်ထပ်ဝတ်စုံတွေနဲ့ ကြည့်ကောင်းအောင် ဝတ်ဆင်ပြီးပြီဆိုရင်တော့ ဘောင်းဘီကို တောက်ပပြီး အရောင်လွင်တဲ့အမျိုးအစားကို ရွေးဝတ်ပါ။

(၄) လက်ဝတ်လက်စားများ

ရင်သားသေးတာကို အာရုံမစိုက်နိုင်စေဖို့ လည်ဆွဲကြီးကြီးတွေ ဒါမှမဟုတ် မာဖလာတွေနဲ့ လည်ပင်းကို အလှဆင်ထားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top