———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
စိတ်မကြည်မလင်ဖြစ်ပြီး စိတ်ရှုပ် စိတ်ညစ်နေတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေရုံသာမက စိတ်ခံစားမှုကို ကောင်းမွန်သွားစေဖို့ အစားအစာတချို ့က ကူညီနိုင်ပါတယ်။
(၁) ထောပတ်သီး
ဘာကြောင့်လဲ – ထောပတ်သီးမှာပါတဲ့ ပိုတက်စီယမ်နဲ့ မိုနိုမပြည့်ဝဆီတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွေးတိုးကို ကျစေနိုင်ပါတယ်။
ဘယ်လိုစားသင့်သလဲ – ထောပတ်သီးကို ပေါင်မုန့်ကြားညှပ်ပြီး ဒါမှမဟုတ် အရွက်သုပ်ထဲထည့်ပြီး စားပါ။
(၂) အရွက်များသော ဟင်းသီးဟင်းရွက်များ
ဘာကြောင့်လဲ – ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်တွေမှာ ဗီတာမင်ဓာတ် အပြည့်ပါတဲ့အပြင် မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် ပင်ပန်းနုံးချည့်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဘယ်လိုစားသင့်သလဲ – ညစာမှာ ဟင်းရွက်သုပ်ပါအောင် စားပါ။
(၃) ပေါင်မုန့်ညို၊ ခေါက်ဆွဲညို
ဘာကြောင့်လဲ – ကာဗိုဟိုက်ဒရိတ်စာတွေက ဦးနှောက်ထဲက စိတ်ခံစားမှု ကောင်းမွန်စေတဲ့ ဆီရိုတိုနင် ထွက်ရှိစေပါတယ်။
ဘယ်လိုစားသင့်သလဲ – အိမ်ကမထွက်ခင် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ နံနက်စာကွေကာ စားပါ။ အညိုရောင်ခေါက်ဆွဲကို ဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး ချက်စားပါ။
(၄) လိမ္မော်သီး
ဘာကြောင့်လဲ – လိမ္မော်သီးမှာ ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် သွေးတိုးကိုကျစေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစောအဆင့်ကို တည်ငြိမ်စေပါတယ်။
ဘယ်လိုစားသင့်သလဲ – လိမ္မော်သီးစိတ်ကို စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ စားပေးရင် မွှေးပျံ ့တဲ့ရနံ့နဲ့ အရသာကြောင့် စိတ်ရွှင်လန်းစေပါတယ်။
(၅) လက်ဖက်ခြောက်ရနံ့ သင်းပျံ ့တဲ့ ရေနွေးကြမ်းပူပူ
ဘာကြောင့်လဲ – ရေနွေးကြမ်းပူပူ သောက်တာကြောင့် ကိုယ်ထဲမှာ စိတ်ဖိစီးမှုများစေတဲ့ ကော်တီစောအဆင့်ကို လျော့ကျစေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ ရေနွေးကြမ်းပူပူ တစ်ခွက်သောက်တာက စိတ်ပူပင်သောကကို လျော့ကျစေပါတယ်။
ဘယ်လိုသောက်သင့်သလဲ – လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ရေနွေးကြမ်းလို ဆေးဖက်ဝင်လက်ဖက်ရည်ထဲ ပျားရည်အနည်းငယ်ထည့်သောက်ပါ။
(၆) ငါး
ဘာကြောင့်လဲ – ဆယ်လ်မွန်ငါး၊ တူနာငါးလိုငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် များများပါဝင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။
ဘယ်လိုစားသင့်သလဲ – တစ်ပတ် ၂ ကြိမ်-၃ ကြိမ်လောက် ငါးဟင်းထည့်စားပါ။