———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
အမျိုးသမီးတစ်ဦးက ကြက်ဥဝယ်ဖို့ ဈေးမေးခဲ့တယ်။
“ကြက်ဥတစ်လုံး ဘယ်လောက်လဲ”
ဈေးသည်အဘိုးကြီးက ပြန်ဖြေပါတယ်။
“ကြက်ဥတစ်လုံး ၂၀ဝ ကျပ်ပါ”
“ကြက်ဥ ၆ လုံး တစ်ထောင်နဲ့ရမလားအဘိုး၊ မရရင် မယူတော့ဘူး”
အဘိုးကပြန်ဖြေတယ်။
“အဲဒီဈေးက အရင်းတောင်မရှိပါဘူး သမီးရယ်၊ ဒါပေမဲ့ ဒီနေ့ကြက်ဥတစ်ဦးတောင် မရောင်းရသေးလို့ ဈေးဦးမပေါက်သေးဘူး၊ ပေးလိုက်ပါ့မယ်”
ဈေးဝယ်က ငွေတစ်ထောင်ပေးပြီး ကြက်ဥခြောက်လုံးယူကာ အောင်နိုင်သူဆိုတဲ့ စိတ်ခံစား ချက်နဲ့ သူ့ကားဆီကို ပြန်လာပါတယ်။ အဲဒီနောက် သူ့သူငယ်ချင်းတွေ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ကားမောင်းထွက်ခဲ့ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းတွေက စားသောက်ဆိုင်ကနေ စားသောက်စရာ အများကြီးမှာယူပြီး နည်းနည်းလေးပဲ စားပါတယ်။ အဲဒီနောက် ငွေရှင်းတဲ့အခါ လေးသောင်းလေးထောင်ကျတာကို လေးသောင်းခွဲပေးပြီး ပြန်မအမ်းဖို့ စားသောက်ဆိုင်ပိုင်ရှင်ကို ပြောခဲ့တယ်။
“မရှိနွမ်းပါးတဲ့သူတွေဆီက ဝယ်တဲ့အခါ ဘာလို့ဈေးဆစ်ကြတာလဲ၊ ပေါများတဲ့သူရှေ ့မှာ ဘာလို့ရက်ရောပြတဲ့နည်းနဲ့ ဂုဏ်တင်နေတာလဲ”
ကျွန်တော့်အဖေ ဈေးဝယ်တဲ့အခါ နွမ်းပါးတဲ့ဈေးသည်တွေဆီက စားသောက်စရာတွေကို ဘယ်တော့မှ ဈေးမဆစ်တတ်ပါဘူး။ ကျွန်တော်ကို့လည်း အထက်က ဈေးဝယ်အမျိုးသမီးအကြောင်းလေး ပြောပြပြီး “ဒါက စာနာစိတ်ကို ဂုဏ်သိက္ခာနဲ့ အရောင်တင်တာပဲငါ့သား”လို့ အမြဲဆုံးမတတ်ပါတယ်။