———-၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊———–
Q. အသည်းအဆီဖုံးရောဂါက ဝလို့ဖြစ်တာလား။ ဆေးမစားဘဲ အစားအစာရှောင်လို့ရပါသလား။ ဖြစ်နေရင် ဘယ်လိုသိနိုင်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။
A. အသည်းအဆီဖုံးရောဂါ (Fatty Liver) အဖြစ် များတဲ့သူတွေကတော့ အရက်သောက်တဲ့သူတွေရယ်၊ အဝလွန်တဲ့လူတွေရယ် ဖြစ်ပါတယ်။ အသည်းအဆီဖုံးနေရင် Well Balanced Diet လို့ခေါ်တဲ့ သင့်တင့်မျှတတဲ့ အစာတွေစားပေးရင် လုံလောက်ပါတယ်။ အဖြူရောင်အသား၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကို စားချင်စဖွယ် ချက်ပြုတ်ပေးပါ။ အဆီဓာတ်တွေ၊ ကယ်လိုရီဓာတ်တွေ ထည့်ဖြည့်စရာ မလိုတော့ပါဘူး။ အသည်းအဆီဖုံးနေရင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ ဘဝနေထိုင် စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့အညီ လိုက်နာနေထိုင်ရပါမယ်။ အာထရာဆောင်းရိုက်စစ်ဆေးရင် အသည်းအဆီဖုံးနေသလားဆိုတာ သိနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်က သင့်တော်တဲ့ဆေး ပေးမှာဖြစ်ပါတယ်။