မေး။ ။ ဝမ်းမချုပ်အောင် ဘယ်လို နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါသလဲ ဆရာ။
ဦးမင်း၊ မကွေး။
ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး) ဖြေကြားသည်။
ဖြေ။ ။ ဝမ်းမချုပ်အောင် လိုက်နာသင့်တဲ့ အချက်တွေကို အကြမ်းဖျင်းပြောရရင်တော့ ငယ်စဉ်ကတည်းက အချိန်မှန်မှန် ဝမ်းသွားပေးဖို့ လိုပါတယ်။ ရေများများ သောက်ရမယ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများ စားပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ ပြီးရင် ဝမ်းသွားတာကို အာရုံစိုက်ပြီး ပုံမှန်သွားနိုင်အောင် ကျင့်ပေးရပါမယ်။ Probioticsက ဝမ်းပျက်တဲ့သူ တွေမှီဝဲရင် ပိုကောင်းပါတယ်။ အခုအခါမှာတော့ ဝမ်းချုပ်တဲ့ လူတွေမှာ Probiotics ပေးလိုက်ရင် ပိုကောင်းမလားဆိုပြီး စမ်းသပ်နေကြပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)