– အမျိုးသမီးတွေ တစ်ကြိမ် ရာသီပန်းပွင့်ချိန်မှာ သွေးခဲတွေအပါအဝင် ရာသီသွေးတွေက ခွက်တစ်ဝက်ခန့် ဆင်းလေ့ရှိပါတယ်။
– ရှေးခေတ်ဟောင်းကာလတုန်းက ပြက္ခဒိန်အသုံးပြုဖို့ အမျိုးသမီးတွေ ရာသီပန်းပွင့်တဲ့ ရက်တွေကို အခြေတည် ပြီး နေ့ရက်တွေကို တွက်ချက်ခဲ့ပါတယ်။
– ရာသီဥတုအေးတဲ့ လတွေမှာ အမျိုးသမီးတွေက ရာသီ ပန်းပွင့်ချိန်ဆိုရင် ပုံမှန်အချိန်ထက် ပိုမိုကိုက်ခဲလေ့ရှိပြီး ရာသီပွင့်ချိန်လည်း ပိုမို ကြာရှည်တတ်ပါတယ်။
– မိန်းကလေးတစ်ဦးရဲ့ ပထမဆုံး ရာသီပန်းပွင့်ချိန်ကို အပျိုဖော်ဝင်ချိန်လို့ခေါ်ဆိုပြီး ာနညမေခ့န ဆိုတဲ့ ဝေါဟာ ရက ဂရိဘာသာစကား လအစလို့ ဆိုလိုပါတယ်။ အပျိုဖြစ် ချိန်ကစပြီး သားဥေ<ကတာက ပုံမှန်ဖြစ်လေ့မရှိဘဲ တစ်ခါ တစ်ရံမှာ တစ်နှစ်မှ ၁၈လ အထိ ကြာမြင့်ပြီးမှ ဒုတိယမြောက် ရာသီပန်းပွင့်လေ့ရှိပါတယ်။
– မိန်းကလေးတစ်ယောက် မွေးဖွားလာချိန်ကစပြီး သူနဲ့အတူ ဘဝတစ်သက်တာ လုံလောက်တဲ့ သားဥတွေ ပါလာခဲ့တယ်လို့ ဆိုပါတယ်။ သားအိမ်အတွင်းမှာ သားဥဆဲလ်ပေါင်း ခုနစ်သန်းနီးပါးရှိနေကာ မွေးဖွားချိန်မှာ သားဥနှစ်သန်းခန့် ရှိနေပါတယ်။ အပျိုဖော်ဝင်ချိန်မှာ သားဥ လေးသောင်းကျန်ရစ်ခဲ့ပြီး သားဥ ၅၀ဝ ခန့်သာ အမှန်တကယ် ကြွေကျလေ့ ရှိပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)