ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) လူနာတွေ ဝမ်းဗိုက်ပိုင်းကို အာထရာဆောင်း Ultrasound ရိုက်ရင် အများဆုံးတွေ့ရတတ်တာကတော့ အသည်းအဆီဖုံးတယ်ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။ လူတော်တော်များများက ဒီရောဂါကိုကြားဖူးကြပါလိမ့်မယ်။ အဆီတွေ အသည်းကလာပ်စည်းတွေထဲမှာ စုဆောင်းပြည့်နှက်နေပြီး အသည်းကလာပ် စည်းတွေပျက်စီးလာပြီး အသည်းကိုထိခိုက်စေတဲ့ အခြေအနေကို အသည်းအဆီဖုံးတယ်လို့...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ၄။ မက်ဖော်မင်ဘဲသောက်နေပြီး မိမိကိုယ် မိမိစောင့်ရှောက်ခြင်း (Self Care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။ ဆီးချိုစင်တာရှိရာသွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း”များပြုလုပ်နိုင်ရန် သင်ကြားပေးမှာဖြစ်ပါတယ်။ မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် . . . (က)...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်။” ဒါကတော့ နေ့စဉ်ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီးပြန်ပြောလိုက်ရခြင်း ဖြစ်ပါတယ်။ ထပ်ခါတလဲလဲကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုးထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရနေပါတယ်။ ဒီလောက် ထပ်တူထပ်မျှတူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး”...
မေး. မေမေက ဆီးချိုရှိမှန်း ၂၀၁၆၊ ၅လပိုင်းလောက်မှသိပါတယ်။ သိသိချင်း ဆရာမကြီး ပါမောက္ခဒေါ်သန်းသန်းအေးနဲ့ တန်းပြပါတယ်။ ဆီးချိုက ထိန်းနိုင်တယ်ဆိုပေမယ့် ကျောက်ကပ်ကိုထိနေပြီလားလို့ စိုးရိမ်မိပါတယ်။ ဆေးစစ်ချက်အရဆိုရင် ကျောက်ကပ်ကိုထိသွားပြီလားရှင်။ မြတ်နိုးခင် (FB) ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. အသက်နဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) – ယခင်တစ်ပတ်မှ အဆက် အမျိုးအစား (၁)ဆီးချိုသွေးချိုပဲဖြစ်စေ၊ အမျိုးအစား(၂)ပဲဖြစ်စေ ဆီးချိုကောင်းစွာ ထိန်းထားနိုင်တာတောင် တုပ်ကွေးရာသီမှာ တုပ်ကွေးမိနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ ခုခံအားသိပ်မကောင်းတဲ့အတွက် ရောဂါ ပိုးတွေကို တိုက်ထုတ်နိုင်စွမ်းနည်းပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင်လည်း ဆိုးရွားတဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေပိုပြီးဖြစ်တတ်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုသွေးချိုရောဂါရှိသူတွေအဖို့ ယခုတလောမှာ လူအများကြောက်ရွံနေကြရတဲ့ တုပ်ကွေးရောဂါကို ဘယ်လိုအထူးသတိပြုရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ တုပ်ကွေးရောဂါဖြစ်တဲ့လူနာတွေကို ရာသီရောက်တိုင်း နှစ်စဉ်တွေ့နေကျဖြစ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့ လူနာတွေကို တုပ်ကွေးလေးပါပဲ၊ ဘာမှ စိတ်မပူပါနဲ့။ တခြားပိုးတွေဝင်တာလောက် မစိုးရိမ်ရပါဘူး။ သုံးရက်အလွန်ဆုံးဖျားပြီးရင် သူသဘောသူဆောင်ပြီး၊ ကိုယ်ခံအားနဲ့ပြန်တိုက်ထုတ်လိုက်လို့ ပျောက်သွားတာ...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အာဆင်းနစ် (Arsenic)ဓာတ်တွေဟာ သောက်သုံးရေတွေနဲ့ အစားအစာတွေမှာ အနည်းနဲ့ အများပါဝင်တတ်ပါတယ်။ သောက်ရေမှာ အာဆင်းနစ်ပါဝင်မှု ၁၅၀ppm ထက်များတဲ့ဒေသတွေမှာ ဆီးချိုဖြစ်တာပိုများတဲ့ သာဓကတွေ တွေ့ရှိရပါတယ်။ အာဆင်းနစ်ဟာ အစာရေစာတွေက တဆင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိ လာတာဖြစ်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဒီနေ့ကမ္ဘာမှာ ဆီးချိုသွေးချိုတွေ များပြားလာတာ ဘာကြောင့်လဲဆိုတာ စူးစမ်းရှာဖွေနေဆဲဖြစ်ပါတယ်။ မျိုးရိုးဗီဇရှိသူတွေမှာ ပိုဖြစ်တတ်ပေမယ့် မျိုးရိုးဗီဇမရှိသူတွေမှာလည်း ဖြစ်နေတာတွေ့ရပါမယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံ မမှန်ကန်လို့ဖြစ်ပါတယ်။ ဒီ့အပြင် လူတွေနေ့စဉ် ထိတွေ့နေရတဲ့ ခေတ်မှီတိုးတက်တဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဆီးချိုသွေးချိုတွေများပြားလာတာဖြစ်ကြောင်း...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဆရာဝန်တွေမှီငြမ်းဖို့ မိမိနိုင်ငံနဲ့သင့်တော်တဲ့ ဆီးချိုကုထုံး လမ်းညွှန်စာအုပ်ပြုစုဖို့ ညွှန်ကြားခြင်း၊ တိုက်တွန်းခြင်းတွေ ပြုလုပ်ရပါမယ်။ ဆေးဝန်ထမ်းတွေအတွက် စဉ်ဆက်မပြတ် ပညာပေးသင်တန်းတွေ ပြုလုပ်ပေးခြင်း၊ နှီးနှောဖလှယ်ပွဲများပြုလုပ်ပေးခြင်းဖြင့် ဆီးချိုကုထုံးတွေ ပိုမိုကောင်းမွန်လာစေဖို့ အားပေးကူညီရပါမယ်။ ဆီးချိုထိန်းတာအောင်မြင်မှုနှုန်းကို မြှင့်တင်ပေးဖို့နဲ့ အများဆုံးစွမ်းဆောင်နိုင်တဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ကိုယ်လက်လှုပ်ရှားမှုနည်းတာက ဆီးချိုရောဂါဖြစ်စေသော ဒုတိယအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကွန်ပျူတာခေတ်မှာလူကြီးတွေရော ကလေးတွေပါ ကိုယ်လက်လှုပ်ရှားမှု အလွန်လျော့နည်းလာပါတယ်။ ဒါကလည်း အဝလွန်တာနဲ့ ဆီးချိုဖြစ်တာကို အားပေးနေတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။လူတွေက ဘာမဆို အင်တာနက်၊ လက်ကိုင်ဖုန်းစတာတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်လို့...