ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဘာကြောင့် အစားလျှော့ရင် ဆီးချိုသွေးချို ပုံမှန်ပြန်ဖြစ်နိုင်သလဲဆိုတာ ရှင်းပြလိုပါတယ်။ လူတွေဟာ လိုအပ်တာထက်ပိုစားထားလို့ မသုံးဖြစ်ဘဲ ပိုနေတဲ့ကစီဓာတ်တွေ (Carbohydrate) အာဟာရတွေဟာ အသည်းနဲ့မုန့်ချိုအိပ်တွေမှာ အဆီအဖြစ်နဲ့စုပြီး အဆီဖုံးတာတွေဖြစ်လာပါတယ်။ ထရိုင်ဂလစ်ရိုဒ်နဲ့ ဖက်တီးအက်စစ်တွေ (Triglyceride and Fatty...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုသွေးချိုရောဂါဟာ ဖြစ်လာပြီးရင် ပြန်မပျောက်နိုင်ဘူးလို့ ပြောပြထားပြီးဖြစ်ပါတယ်။UKPDS လို့ခေါ်တဲ့ ယူကေနိုင်ငံမှ အမျိုးအစား(၂) ဆီးချိုသွေးချိုလူနာတွေကို လေ့လာထားတဲ့ သုတေသန ရဲ့ အဆိုအရ ဘယ်လိုနည်းလမ်းတွေနဲ့ပဲ ကုကု ဆီးချိုသက်ရင့်လာတာနဲ့အမျှ ဆီးချိုရောဂါဟာ မလွဲမသွေ ပိုပြီးဆိုးလာမှာပဲ။ မုန့်ချိုအိတ်ရှိ အင်ဆူလင်...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ကိုယ်ဝန်ဆောင်ဆီးချို ရှိ၊ မရှိ ဘယ်သူတွေမှာ စစ်ဆေးသင့်သလဲ ကိုယ်ဝန်ဆောင်တိုင်း ဆီးချိုသွေးချိုစစ်ဆေးသင့်ပါတယ်။အထူးသဖြင့် ဖြစ်နိုင်ခြေ ( Risk Factor) ရှိတဲ့ သူတွေဆိုရင်တော့ ပိုစစ်သင့်ပါတယ်။ ဥပမာ -မျိုးရိုး(မိဘ၊မောင်နှမ)မှာ ဆီးချိုရှိသူများ၊ -၉ ပေါင်ကျော်ကလေး...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ကမ္ဘာ့ဆီးချိုသွေးချို ထိန်းသိမ်းကာကွယ်ရေးနေ့ကို နှစ်စဉ် နိုဝင်ဘာလ ၁၄ရက်နေ့၌ ကမ္ဘာတဝှမ်းမှာ ကျင်းပကြပါတယ်။ နိုဝင်ဘာတစ်လလုံးမှာ ရက်တစ်ရက်ရွေးပြီး ကျင်းပနိုင်ပါတယ်။ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Women and Diabetes : our right to...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် လေဖြတ်တာရဲ့ သမရိုးကျကုထုံးတွေကတော့ လူနာအသက်ရှင်ရေးနဲ့ ပျက်စီးသွားတဲ့ ဦးနှောက်ကို ပိုမဆိုးအောင် ကာကွယ်စောင့်ရှောက်ရေး၊ ရေနဲ့ အာဟာရဓာတ်တွေဖြည့်ပေးခြင်း၊ အဖျားပိုး၊ ဆီးပိုး မဝင်အောင်ပြုစုခြင်း၊ အိပ်ရာနာမပေါက်အောင် ကိုယ် ခန္ဓာလှည့်ပေးခြင်း၊ ဆီးဝမ်းတွေ သွားလို့ရအောင် ပြုစု...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သွေးတိုးခြင်းနှင့် လေငန်းရောဂါ ဆီးချိုလူနာတွေမှာ သွေးချိုထိရောက်အောင်ထိန်းတာနဲ့စာရင် သွေးတိုးကိုထိရောက်အောင် ထိန်းထားနိုင်တာက လေဖြတ်တာကို သိသိသာသာပိုပြီး လျော့ကျစေပါတယ်။ ဆီးချိုရောဂါရှိသူအဖို့ သွေးတိုးကို ဘယ်လောက်မှာထားရမလဲဆိုရင် အပေါ်သွေး ၁၃၀ မှ ၁၄၀ အထိနဲ့ အောက်သွေး ၉၀...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ဆီးချိုရောဂါရှိသူတစ်ယောက်ဟာ ဆီးချိုမရှိ သူထက် လေဖြတ်ဖို့ အလားအလာ နှစ်ဆပိုရှိပါတယ်။ လေငန်းကိုပိုဖြစ်စေတာက သွေးချိုတဲ့အပြင် သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်များခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ထိန်းဖို့ အလွန်အရေးကြီးပါတယ်။ ဆီးချိုရောဂါရှင်တစ်ယောက်မှာ ဒီသုံးချက်ဟာ အမြဲဒွန်တွဲပြီး ရှိနေတတ်ပါတယ်။ အဆိုးဆုံးကတော့ သွေးတိုးရှိခြင်းနဲ့...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) လေဖြတ်တာ ဘယ်လိုသိနိုင်မလဲ လေဖြတ်ခြင်း (stroke) ဆိုတာ ဘာလဲဆိုတာ နားလည်ဖို့လိုပါတယ်။ ဦးနောက်ရဲ့ သွေးကြောတစ်ခုခု ပိတ်ဆို့သွားလို့ပဲဖြစ်ဖြစ်၊ သွေးကြောပါးနေတဲ့နေရာက ပေါက်သွားလို့ပဲဖြစ်ဖြစ် သွေးမစီးတော့လို့သက်ဆိုင်ရာ ဦးနောက်အပိုင်းဟာ အလုပ်မလုပ်တော့တာကို လေဖြတ်တယ်လို့ခေါ်ပါတယ်။ သွေးကြောပိတ်တာနဲ့ အဲ့ဒီဦးနောက် အစိတ်အပိုင်းဟာ...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) သွေးတွင်းအဆီများခြင်းနှင့် လေငန်းရောဂါ(Dyslipidaemia) သွေးတွင်းအဆီတွေထဲက လေငန်းရောဂါကို ပိုဖြစ်စေတဲ့အဆီကတော့ ကိုလက်စထရော (Cholesterol) ဒါမှမဟုတ် ကိုလက်စထရောတွေကို သယ်ဆောင်ထားတဲ့ ပရိုတင်း LDL တွေပဲ ဖြစ်ပါတယ်။ Lipid profile ခေါ် သွေးတွင်းအဆီဓာတ်မျိုးစုံကို ဓာတ်ခွဲဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အသည်းအဆီဖုံးတာကို ဘယ်လိုသိနိုင်သလဲ အာထရာဆောင်း (Ultrasound) ခေါ် တယ်လီဗီးရှင်းဓာတ်မှန် ၊ စီတီ CT ခေါ်ကွန်ပျူတာဓာတ်မှန်၊ အမ်အာအိုင် MRI ခေါ် သံလိုက်ဓာတ်မှန်တွေကိုသုံးပြီး အသည်းမှာ အဆီဖုံးတာရှိ၊ မရှိ ရောဂါရှာဖွေနိုင်ပါတယ်။ အသည်းရောင်ရင်တော့...