Healthy Life Ad
Life Style

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့ (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ဆရာဝန်တွေမှီငြမ်းဖို့ မိမိနိုင်ငံနဲ့သင့်တော်တဲ့ ဆီးချိုကုထုံး လမ်းညွှန်စာအုပ်ပြုစုဖို့ ညွှန်ကြားခြင်း၊ တိုက်တွန်းခြင်းတွေ ပြုလုပ်ရပါမယ်။

ဆေးဝန်ထမ်းတွေအတွက် စဉ်ဆက်မပြတ် ပညာပေးသင်တန်းတွေ ပြုလုပ်ပေးခြင်း၊ နှီးနှောဖလှယ်ပွဲများပြုလုပ်ပေးခြင်းဖြင့် ဆီးချိုကုထုံးတွေ ပိုမိုကောင်းမွန်လာစေဖို့ အားပေးကူညီရပါမယ်။ ဆီးချိုထိန်းတာအောင်မြင်မှုနှုန်းကို မြှင့်တင်ပေးဖို့နဲ့ အများဆုံးစွမ်းဆောင်နိုင်တဲ့ ဆေးဝန်ထမ်းတွေကို အသိအမှတ်ပြုအားပေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

Early access

အစိုးရအနေနဲ့ ကျန်းမာရေးစနစ်တွေမှာ ဆီးချိုသွေးချိုကို လူတိုင်းကုသမှုခံယူနိုင်ဖို့နဲ့ ဆီးချိုကုသပေးတဲ့ဌာနတွေ၊ နေရာတိုင်း၊ တိုင်းပြည်အနှံ့မှာ ရရှိစေဖို့ စီမံဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း အရှေ့မှာပြောကြားပြီးဖြစ်ပါတယ်။ ဒီလိုလူတိုင်း ရရှိစေနိုင်မယ့် ဆီးချိုသွေးချိုကုသမှုတွေမှာ နိုင်ငံတော်အနေနဲ့ ဆီးချိုသွေးချိုကုသရေး စီမံကိန်းတွေရေးဆွဲခြင်း၊ တစ်နိုင်ငံလုံးအတွက် အားလုံးအသုံးပြုမယ့် ဆီးချိုကုသဖို့ ဆေးဝါးတွေကို ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူနဲ့ လုံလောက်စွာရရှိစေရန် ထောက်ပံ့ပေးခြင်း၊ Essential Drug List အဖြစ် သတ်မှတ်ပြီး ဆေးတင်သွင်းမှုလွယ်ကူအောင် ဆောင်ရွက်ပေးခြင်းတွေ ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ ပိုပြီးလိုအပ်လာပြီဖြစ်တဲ့ ဆီးချိုသွေးချိုစောင့်ရှောက်မှု (Diabetes Care) တွေကို အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးမှာ ထိရောက်စွာဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်တဲ့ပညာရှင်တွေမွေးထုတ်ပေးဖို့ ဆယ်နှစ်စီမံကိန်းတွေမှာရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ဆီးချိုသွေးချိုရောဂါတွေဟာ အမြန်ဆုံးနှုန်ထားတွေနဲ့ ပွားများလာနေပါတယ်။ ဆီးချိုသွေးချိုရောဂါကို အစောဆုံးအဆင့်တွေမှာ စတင်စောင့်ရှောက်ကုသနိုင်ရင် အကောင်းဆုံး၊ အထိရောက်ဆုံးဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆီးချိုသွေးချိုရောဂါတွေဟာ အမြန်ဆုံးနှုန်ထားတွေနဲ့ ပွားများလာနေပါတယ်။ ဆီးချိုသွေးချိုရောဂါကို အစောဆုံးအဆင့်တွေမှာ စတင်စောင့်ရှောက်ကုသနိုင်ရင် အကောင်းဆုံး၊ အထိရောက်ဆုံးဖြစ်ပါတယ်။ ဒီ Berlin declaration ဘာလင်ကြေညာစာတမ်းကိုပြုစုခြင်းဖြင့် တိုင်းပြည်အသီးသီးက အစိုးရတွေအားလုံးက ဆီးချိုသွေးချို ကာကွယ်ကုသရေးမှာ စီမံကိန်းချမှတ်ပြီး ညီတူညာတူကြိုးပမ်းဆောင်ရွက်ကြဖို့ တွန်းအားတွေပေးတာဖြစ်ပါတယ်။

ဘယ်လိုအကောင်အထည်ဖော်သင့်သလဲဆိုတာကို နိုင်ငံတကာမှာ ဆီးချိုသွေးချိုပညာရှင်တွေက Evidence ခိုင်မာတဲ့ အထောက်အထားတွေပေါ်မူတည်ပြီး လမ်းညွှန်ချက်တွေပြုစုပေးထားပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါဟာ လူတစ်ဦးစီရဲ့ ရောဂါဖြစ်ပေမယ့်လည်း ၄င်းရဲ့ဆိုးကျိုးတွေဟာ တိုင်းပြည်ရဲ့တိုးတက်မှုတွေကို ဟန့်တားနိုင်တဲ့အတွက် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့တွေ အားလုံးပါဝင်လာစေဖို့ နှိုးဆော်လိုက်တာပဲဖြစ်ပါတယ်။

ဒီလမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ပေးရင်း ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကင်းဝေးပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top