Healthy Life Ad
Men

ဆီးချိုရောဂါနှင့် တုပ်ကွေးရောဂါ(၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှ အဆက်
အမျိုးအစား (၁)ဆီးချိုသွေးချိုပဲဖြစ်စေ၊ အမျိုးအစား(၂)ပဲဖြစ်စေ ဆီးချိုကောင်းစွာ ထိန်းထားနိုင်တာတောင် တုပ်ကွေးရာသီမှာ တုပ်ကွေးမိနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ ခုခံအားသိပ်မကောင်းတဲ့အတွက် ရောဂါ ပိုးတွေကို တိုက်ထုတ်နိုင်စွမ်းနည်းပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင်လည်း ဆိုးရွားတဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေပိုပြီးဖြစ်တတ်ပါတယ်။ ဆေးရုံတက်ရတာပိုများပြီး တစ်ခါတစ်ရံမှာ အသက် ဆုံးရှုံးမှုအထိဖြစ်နိုင်ပါတယ်။ တုပ်ကွေးကြောင့်ဖြစ်တဲ့ ဗိုင်းရပ်စ်နမိုးနီးယား (အဆုတ်ရောင်ရောဂါ) အပြင် ဘက်တီးရီယားပိုးကြာင့်ဖြစ်တဲ့ နမိုးနီးယား အဆုပ်ရောင်ရောဂါ၊ လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ နှာခေါင်းလေအိတ်ရောင်ခြင်း၊ နားပြည်တည်ခြင်းစတဲ့စတဲ့ တုပ်ကွေးရဲ့ နောက်ဆက်တွဲတွေ ပိုဖြစ်တတ်ပါတယ်။

ကာကွယ်ခြင်း
အထွေထွေနေ့စဉ်ကာကွယ်ခြင်းကို အမြဲပြုလုပ်ပါ။ သူတပါးထံမှ မိမိထံ မကူးစက်အောင်ကာ ကွယ်ဖို့အရေးကြီးသလို မိမိကိုယ်တိုင် တုပ်ကွေးဖြစ်ရင်လည်း သူများဆီမကူးစက်အောင် နေထိုင်သင့်ပါတယ်။ နှာခေါင်းနဲ့ပါးစပ်တွေ နှာခေါင်းစည်း (mask) တပ်ထားရန်၊ မကြာခဏလက်ဆေးရန်၊ မျက်စိ၊ နှာခေါင်းတွေကို လက်နဲ့ ထိတွေ့တာ၊ ပွတ်တာရှောင်ပါ။ မိမိကိုယ်တိုင် ဖျားနာစဉ် အိမ်တွင်းမှာပဲ အဖျားကျပြီး၂၄နာရီအထိ အနားယူသင့်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးခြင်း (vaccintion)
ကာကွယ်ဆေးထိုးတာကတော့ အထိရောက်ဆုံးကာကွယ်ခြင်းဘဲ ဖြစ်ပါတယ်။ အသက်ခြောက် လအထက်ရှိသူတွေအားလုံး ကာကွယ်ဆေးတစ်နှစ် တစ်ခါ ထိုးသင့်တယ်။

အထူးထိုးသင့်သူတွေထဲမှာ ဆီးချိုသွေးချိုလူနာတွေ ပါပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေက ဆိုးကျိုးမရှိသလောက် လုံခြုံပါတယ်။ ဆီးချိုလူနာတွေကို အနီးကပ်ပြုစုနေသူတွေနဲ့ အိမ်သားတွေကိုလည်း တုပ်ကွေးကာကွယ်ဆေးကိုထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးက ဘယ်လောက်ကာကွယ်နိုင် သလဲဆိုတာကတော့ အခုပေါ်တဲ့ တုပ်ကွေးပိုးမျိုးရင်း နဲ့ ဖော်ထုတ်ပြီး အသုံးပြုနေတဲ့ ကာကွယ်ဆေးက ကိုက်ညီမယ်ဆိုမှသာ ကာကွယ်မှုအပြည့်ရရှိမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ဆိုးကျိုးတော့ သိပ်မရှိပါဘူး။ ရှားရှားပါးပါး G-B syndrome လို့ခေါ်တဲ့ အာရုံကြောရောဂါ ဖြစ်တတ်တဲ့သာဓကတချို့ ရှိခဲ့ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ဆေးထိုးတာက အကျိုးကျေးဇူးပိုရနိုင်လို့ ထိုးဖို့ တိုက်တွန်းလိုပါတယ်။

ဆီးချိုလူနာတွေ တုပ်ကွေးဖြစ်ရင် အကိုက်အခဲပျောက် ဆေးထိုးတာ အားမပေးလိုပါဘူး။ သောက်ဆေးနဲ့ပဲ ကုသင့်ပါတယ်။ ချက်ချင်း ဝေဒနာပျောက်စေတဲ့ဆေး တချို့ (ဥပမာ စတီးရွိုက်တွေ၊ ဒက်ဆာမီသာစုံးတွေ၊ ပရက်နီစလုံးတွေ) သုံးစွဲမိရင် ကိုယ်ခံအားကျစေတဲ့ အပြင် သွေးချိုတွေအရမ်းတက်လာမယ့် ဆိုးကျိုးတွေ ကိုဖြစ်စေနိုင်ပါတယ် . . .

ဆီးချိုသွေးချိုလူနာတွေအဖို့ နောက်ထပ်ကာ ကွယ်ဆေး တစ်မျိုးကိုလည်း ထိုးထားသင့်ပါသေးတယ်။ အဲဒါကတော့ pneumococcal vaccine မိုးနီးယားအဆုပ်ရောင်ရောဂါဖြစ်စေတဲ့ နရူမိုကော့ ကပ်စ် pneumococcal ပိုးကိုတားဆီးတဲ့ ကာကွယ်ဆေးလည်းထိုးထားဖို့လိုပါသေးတယ်။ အသက်၆၅ နှစ်ကျော်ရင် တစ်ကြိမ်ပဲထိုးဖို့လိုပါတယ်။ တုပ်ကွေးဖြစ်ပြီးစမှာ နောက်မှလိုက်လာတတ်တဲ့ နရူမိုကောကယ်လ် နမိုးနီးယားကိုကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီကုထုံးတွေဟာဆီးချိုလမ်းညွှန်တွေမှာ ပါဝင်ပြီးဖြစ်ပါတယ်။

ဘယ်လိုကုသရမလဲ
ဆီးချိုလူနာတွေနေမကောင်းရင် ဆရာဝန်နဲ့ စောစောပြရပါမယ်။ အိမ်မှာ အနားယူရပါမယ်။ မောရင် ဆေးရုံသိုစောစောသွားပြရပါမယ်။

အထွေထွေကုထုံး ဒါမှမဟုတ် ဝေဒနာသက် သာအောင်ကုတဲ့ ကုထုံးတွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ နှာစေးတာအတွက် စီထရင်း၊ ကိုယ်ပူရင် ပါရာစီတမောနဲ့ ချောင်းဆိုးပျောက်ဆေးတွေ လိုအပ်ရင် ပဋိဇီဝပိုးသတ်ဆေးတွေ ပေးရပါမယ်။ ပြင်းထန်တဲ့ တုပ်ကွေး ဥပမာ H1N1 2009pdm မျိုးဆိုရင် တုပ်ကွေးပိုးသတ်ဆေးကိုပေးရပါမယ်။ Osaltamivir (Talmiflu) ဆေးကို ကိုယ်အလေးချိန်အလိုက် တစ်လုံး တစ်နေ့နှစ်ကြိမ် စုစုပေါင်း ၅ ရက်ပေးရပါမယ်။ ဖြစ်ခါစ ၄၈ နာရီအတွင်းပေးရင် ပိုထိရောက်ပါတယ်။ မြန်မြန်နေကောင်းစေပါတယ်၊ ဆေးသောက်ထားရင် ဝေဒနာ သိပ်မပြင်းတော့ပါဘူး။ အဆိုးရွားဆုံးဖြစ်တဲ့ နောက်ဆက်တွဲ အဆုတ်ရောင် နမိုးနီးယားရောဂါကို တားဆီးနိုင်ပါတယ်။ သေးဆုံးရတဲ့အဓိကအကြောင်း ရင်းမှာ အဆုတ်ရောင်တာပဲဖြစ်ပါတယ်။ ဒါက တမိလ်ဖလူးဆေးရဲ့ အသုံးဝင်လှတဲ့ကုထုံးဖြစ်ပါတယ်။

ဆီးချိုရောဂါဆိုင်ရာ စောင့်ရှောက်ခြင်း
ဆီးချိုရောဂါအတွက် ကုထုံးကိုဘယ်လို ပြုပြင် ထိန်းသိမ်းရမလဲဆိုတာ ဆက်ပြောပါမယ်။ဒီလိုရော ဂါတွေဖြစ်လာရင် ဆီးချိုသွေးချိုထိန်းသိမ်းတာပိုပြီး ဆိုးစေနိုင်ပါတယ်။ အဖျားရှိန်ကြောင့် သွေးချိုအ တက်ကြမ်းတာ ဖြစ်နိုင်သလို ဆီးချိုဆေးတွေကို ယခင်အတိုင်းသောက်ပြီး အစာစားတာနည်းသွားလို့ သွေးချိုအကျလွန်တာလည်း ဖြစ်လေ့ရှိပါတယ်။ အစားနည်းပေမယ့် အင်ဆူလင်လိုအပ်ချက်ပိုများ လေ့ရှိပါတယ်။ နေမကောင်းဖြစ်စဉ်ဆောင်ရန်ရှောင် ရန်လမ်းညွှန်များ (sick day guidelines) အတိုင်း ဆောင်ရွက်ဖို့လိုပါတယ်။ မိမိဘာသာတိုင်းတဲ့ သွေးချိုကို အကြိမ်ရေပိုတိုင်းရပါမယ်။

အင်ဆူလင်ထိုးရတဲ့ အမျိုးအစား(၁) ဒါမှမဟုတ် အမျိုးအစား(၂)တွေမှာ တစ်နေ့လျှင် ၄ကြိမ်ထိတိုင်းသင့်ပါတယ်။ သွေးချို ၃၀ဝ မီလီဂရမ်ကျော်သွားရင် ဆီးထဲမှာ ကီတုန်းဘော်ဒီလို့ခေါ်တဲ့ ဓာတ်တစ်ခုကို တိုင်းကြည့်ဖို့လိုပါ တယ်။ ကီတုန်းတွေ ဆီးထဲမှာများလာရင် ဆိုးရွားတဲ့ Diabetes ketoacidosis ဖြစ်နေကြောင်း ဖော်ပြပါတယ်။ အာဟာရအနေနဲ့ အစာကြေလွယ်တာ စားခြင်း၊ အရည် ဒါမှမဟုတ် ရေများများသောက်ပါ။ ကယ်လိုရီပမာဏ ပြည့်မှီပြီး ကစီဓာတ်လည်းလုံလောက်အောင်စားရပါမယ်။ နည်းနည်းစီ ခဏခဏ စားပေးသင့်ပါတယ်။

နောက်ဆုံးမှာကြားလိုတာကတော့ ဆီးချိုလူ နာတွေ တုပ်ကွေးဖြစ်ရင် အကိုက်အခဲပျောက်ဆေး ထိုးတာ အားမပေးလိုပါဘူး။ သောက်ဆေးနဲ့ပဲ ကု သင့်ပါတယ်။ ချက်ချင်းဝေဒနာပျောက်စေတဲ့ဆေး တချို့ (ဥပမာ စတီးရွိုက်တွေ၊ ဒက်ဆာမီသာစုံးတွေ၊ ပရက်နီစလုံးတွေ) သုံးစွဲမိရင် ကိုယ်ခံအားကျစေတဲ့ အပြင်သွေးချိုတွေအရမ်းတက်လာမယ့် ဆိုးကျိုးတွေ ကိုဖြစ်စေနိုင်ပါတယ်။ ဆေးခန်းသွားရင် စတီးရွိုက်နဲ့ မတည့်ကြောင်း၊ လိုအပ်မှသုံးဖို့ တောင်းဆိုသင့်ပါတယ်။ ဆရာဝန်များကလည်း ဝေဒနာချက်ချင်း သက်သာတာကိုမကြည့်ဘဲ မိမိဆီးချိုလူနာအတွက် ပိုပြီး လုံခြုံဘေးကင်းတဲ့ ဆေးတွေကိုသာရွေးချယ်ပြီး အသုံးပြုပေးနိုင်ဖို့ အကြံပေးအပ်ပါတယ်။

ဆီးချိုလူနာများ တုပ်ကွေးမိခြင်းမှ ကင်းဝေးပြီး ဖြစ်လာခဲ့ရင်လည်း အသက်ဘေးကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top