Healthy Life Ad
Health Tips

လျှာကျက်သွားတဲ့အခါ အမြန်သက်သာစေမယ့် နည်းလေးသွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အစာပူပူ၊ အရည်ပူပူ စားသောက်လိုက်တဲ့အခါ လျှာကျက်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ အနာကျက်မြန်စေမယ့် နည်းလမ်းငါးသွယ်ကို မျှဝေ လိုက်ပါတယ်။

(၁) အစာပျော့ပျော့စားလိုက်ပါ

လျှာကျက်တဲ့အခါ နူးညံ့ပျော့ပျောင်းတဲ့ အစား အသောက်စားလိုက်ရင် အမြန်သက်သာစေပါတယ်။ ဆိုလိုတာက ဒိန်ချဉ်၊ ဆူရှီစတာတွေက လျှာကျက် တာကို မြန်မြန်သက်သာစေတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

(၂) ခံတွင်းသန့်ရှင်းရေး လုပ်ဆောင်ပါ

လျှာကျက်ပြီး အနာဖြစ်ရင် ဘက်တီးရီးယား တွေကို လက်ကမ်းခေါ်သလို ဖြစ်စေပြီး ကူးစက်ပိုး ဝင်စေနိုင်ပါတယ်။ လျှာကျက်ပြီးရင် သွားတွေကို သေချာတိုက်ပါ၊ ခံတွင်းသန့်ဆေးသုံးပါ၊ ရေများများ သောက်ပါ။ ဒါဆိုရင် ခံတွင်းထဲ စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားပိုးတွေ ကပ်ငြိမ်မှုမရှိစေတော့ပါဘူး။

(၃) ပူလွန်း၊ အေးလွန်း၊ စပ်လွန်းသော အစား အသောက်မှန်သမျှ ရှောင်ပါ

ပူလွန်း၊ အေးလွန်း၊ စပ်လွန်းတဲ့ အစားအသောက်တွေက လျှာကျက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အခန်းအပူချိန်အတွင်းထားရှိတဲ့ အစားအသောက်တွေကိုပဲ စားသောက်သင့်ပါတယ်။

(၄) အချဉ်အရသာရှိ အရည် မသောက်သင့်

ကော်ဖီ၊ ဝိုင်နဲ့ ဆော်ဒါအချိုရည်တွေကို အနည်းဆုံး နှစ်ရက်လောက် ရှောင်ပါ။ အက်စစ်ဓာတ်ပါတဲ့ အရည်တွေ ဖြစ်တာကြောင့် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အနာကျက်ဖြစ်စဉ်ကို ကြန့်ကြာစေပါတယ်။

(၅) ဆေးကုထုံး ခံယူပါ

ဆိုးဆိုးဝါးဝါး လျှာကျက်တဲ့ ဝေဒနာခံစားရသူ တွေအတွက် ခံတွင်းသန့်ဆေးရည် သုံးပြီး သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top