Healthy Life Ad
Health Tips

ကွက်သားနာကျင်ခြင်းအတွက် အိမ်တွင်းကုထုံး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကြွက်သားနာတာက ကျွန်မတို့နေ့စဉ်ဘဝမှာ အဖြစ်များတဲ့ အခြေအနေတစ်ရပ်ပါ။ တစ်ခါတလေ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ကြွက်သားတွေ ညောင်းညာသွားတာမျိုး၊ တစ်ခါတလေ အနီးအနားမှာ လမ်းလျှောက်သွားနေရင်းနဲ့တောင် ကြွက်သားတွေ နာကျင်သွားတာမျိုး . . .ကြွက်သားနာကျင်မှုက အဖြစ်များပေမယ့် တဖြည်းဖြည်းနဲ့တော့ ပြန်သက်သာသွားပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့အချိန်မှာတော့ မသက်မသာ ခံစားရတဲ့ ဝေဒနာမျိုးပါ။ ဒါကြောင့် ကြွက်သားနာကျင်ချိန်မှာ အမြန်ဆုံးသက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) လိမ်းဆေးဆီ

မဂ္ဂနီဆီယမ်ကလိုရိုက်ပါတဲ့ လိမ်းဆေးဆီဆိုရင် ကြွက်သားတွေကို ပျော့ပျောင်းသွားစေပါတယ်။ နာကျင်နေတဲ့ ကြွက်သားပေါ်မှာ လိမ်းဆေးဆီလေး ခပ်ပါးပါးလိမ်းပြီး နှိပ်ပေးလိုက်ပါ။

(၂) လှုပ်ရှားမှု

နာကျင်နေတဲ့ ကြွက်သားတွေကို လှုပ်ရှားမှုလေးလုပ်ပေးရင် သွေးစီးဆင်းမှုတိုးလာပြီး တောင့်တင်းနာကျင်မှု သက်သာလျော့ပါးသွားစေနိုင်ပါတယ်။ နောက်တစ်ခါဆိုရင် အားကစားခန်းမမှာ၊ အလုပ်မှာပဲဖြစ်ဖြစ် ကြွက်သားတွေ ဒဏ်ဖြစ်တဲ့အထိ အပြင်းအထန် လှုပ်ရှားမှုမျိုး မလုပ်သင့်ပါဘူး။

(၃) ခရမ်းချဉ်သီးဖျော်ရည်

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခရမ်းချဉ်သီး juice သောက်ပေးရင် ကြွက်သားနာကျင်မှု သက်သာစေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ပါလို့ ရောင်ရမ်းမှုသက်သာစေတဲ့အပြင် ကြွက်သားကိုက်ခဲနာကျင်မှု လျော့ပါးအောင် ကူညီပေးနိုင်လို့ပါပဲ။

Most Popular

Healthy Life Ad
To Top