Healthy Life Ad
Health Tips

ခံတွင်းသန့်ရှင်းရေးအတွက် လျှာကိုသန့်စင်ရန် မမေ့သင့်ပါ

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် တစ်နေ့နှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ်ကြိုးသုံးတာတွေအပြင် လျှာကို တိုက်ခြစ်ပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ခံတွင်းကျန်းမာရေးက အကောင်းဆုံးဖြစ်နေမှာ ဖြစ်ပါတယ်။

သွားတိုက်တဲ့အခါတိုင်း လျှာခြစ်တံကိုသုံးပြီး လျှာကိုသန့်စင်ပေးတာက လျှာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေနဲ့ တခြားစားကြွင်းစားကျန်တွေကို ကင်းစင်စေပါတယ်။ အဲဒီဘက်တီးရီးယားတွေနဲ့ တခြားမသန့်စင်တဲ့ အရာတွေဟာ လျှာမျက်နှာပြင်ပေါ်မှာ အန္တရာယ်ရှိတဲ့အလွှာကို ဖြစ်စေနိုင်ပါတယ်။

နေ့စဉ် လျှာကိုခြစ်ပေးတာက လျှာပေါ်မှာ ဘက်တီးရီးယားကပ်ညိမှုကင်းစေတဲ့အပြင် ခံတွင်းရနံ့ကိုလည်း သင်းပျံ့စေပါတယ်။ ဒါ့အပြင် စားသုံးတဲ့အစားအသောက်တွေကိုလည်း အရသာခံနိုင်စွမ်း ပိုကောင်းလာပါလိမ့်မယ်။

လျှာခြစ်တံ ဒါမှမဟုတ် နူးညံ့တဲ့ သွားတိုက်တံနဲ့ လျှာကိုတိုက်ပေးနိုင်ပါတယ်။ လျှာကိုသန့်စင်ပြီးတဲ့အခါတိုင်း ရေများများနဲ့ ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ အသုံးပြုထားတဲ့ လျှာခြစ်တံ ဒါမှမဟုတ် သွားတိုက်တံကို ရေစင်အောင်ခါပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပေးပါ။

Most Popular

Healthy Life Ad
To Top