Healthy Life Ad
Health Tips

မယ်လတိုနင်အဆင့်နည်းပြီး ညဘက်အိပ်မပျော်ခြင်းအတွက် အိမ်တွင်းကုထုံး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မယ်လတိုနင်ဆိုတာ ဦးနှောက်ထဲက ပိုင်နီရယ်ဂလင်းကနေထုတ်တဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းရဲ ့ အဓိကလုပ်ငန်းဆောင်တာက အိပ်-နိုး စက်ဝန်းကို ထိန်းချုပ်ပေးနေတာဖြစ်ပြီး ညဘက်မှာ ပြည့်ပြည့်ဝ၀ အနားရအောင်နဲ့ လန်းလန်းဆန်းဆန်းနိုးထအောင် ကူညီပေးပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာပဲ ပိုင်နီရယ်ဂလင်းကနေထုတ်တဲ့ မယ်လတိုနင်ပမာဏက လျော့နည်းနေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ညဉ့်နက်တဲ့အထိ ပျော်ရွှင်နေတာ၊ အရက်သောက်တာ၊ ကဖင်းတွေမှီဝဲတာ၊ စိတ်ဖိစီးမှုများတာ၊ အပြာရောင်အလင်းတန်းနဲ့ ထိတွေ့မှုများတာ၊ အသက်ကြီးလာတာ စတာတွေက မယ်လတိုနင်ပမာဏ လျော့ကျစေပြီး ညဘက်အိပ်ရေးဝ၀ အိပ်မောကျဖို့ ခက်ခဲစေပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကနေ မယ်လတိုနင်အဆင့် ပုံမှန်ဖြစ်ဖို့နဲ့ ညဘက်အိပ်ရေးဝ၀ အိပ်မောကျစေဖို့ သဘာဝနည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပါ

လေ့လာမှုအမျိုးမျိုးအရ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်သူတွေက သူတို့ခန္ဓာကိုယ်ထဲမှာ မယ်လတိုနင်အဆင့် ပိုမြင့်မားနေတတ်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့က ညဘက်မှာ အိပ်မပျော်တာမဖြစ်ဘဲ အိပ်ရေးဝ၀ အိပ်မောကျရတာပါတဲ့။ ဒါပေမဲ့ အိပ်ခါနီး လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပါ။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်။

နေ့စဉ် နေရောင်ခြည်အလုံအလောက် ခံယူပါ

နံနက်ခင်း လေ့ကျင့်ခန်းလုပ်တဲ့အခါ နေရောင်ခြည်အောက်မှာ လုပ်ဆောင်ရင် မယ်လတိုနင်အဆင့်ကို အားကောင်းစေပါတယ်။ စိတ်ခံစားမှုကောင်းစေပြီး စိုးရိမ်တာ၊ စိတ်ဓာတ်ကျတာ လျော့တဲ့အတွက် အိပ်မပျော်တာ ကင်းစင်စေပါတယ်။

ညဘက်မှာ အပြာရောင်အလင်းတန်းနဲ့ ထိတွေ့မှုကိုလျှော့ချပါ

ညအိပ်ရာမဝင်ခင် နာရီပိုင်းအလိုမှာ အပြာရောင်အလင်းတန်းတွေနဲ့ မထိတွေ့ပါနဲ့။ အဲဒါတွေက လူအများအိပ်ရာထဲ သုံးလေ့ရှိတဲ့ စမတ်ဖုန်းက ထွက်တာပါ။

ကဖင်းနဲ့ အယ်လ်ကိုဟောရှောင်ပါ

ကော်ဖီနဲ့ ဆော်ဒါအချိူရည်ထဲမှာပါတဲ့ ကဖင်းက ညဘက်အိပ်မပျော်စေသလို အရက်ကလည်း အိပ်ရေးဝ၀ အိပ်မောကျဖို့ အဟန့်အတားဖြစ်စေပါတယ်။

မယ်လတိုနင်ပါဝင်တဲ့ အစားအသောက်တွေ စားပါ

မယ်လတိုနင်ပါဝင်တဲ့ ငှက်ပျောသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ကြက်သား စတာတွေကို စားပေးရင် ညဘက်အိပ်ရေးဝ၀ အိပ်မောကျစေမှာပါ။

စိတ်ဖိစီးမှုကို လျှော့ချပါ

မျက်စိမှိတ်ပြီး မအိပ်ခင် စိတ်ဖိစီးမှုကို လျှော့ပါ။ ဘယ်လိုနည်းတွေနဲ့ လျှော့သင့်သလဲဆိုတော့ တေးသီချင်းနားဆင်တာ၊ စာထဲချရေးတာ၊ အပန်းပြေမယ့် ရေစိမ်ချိုးတာ၊ တရားထိုင်တာ စတာတွေက စိတ်ရောကိုယ်ပါ အေးငြိမ်းစေပါတယ်။

မယ်လ်တိုနင်အားကောင်းတဲ့ ဆေးဖက်ဝင်အစာတွေ ထည့်စားပါ

ပူဒီနာ (ပူစီနံ)၊ ချမိုမိုင်းတို့လို ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တွေက အိပ်ရေးဝ၀ အိပ်မောကျဖို့ ပံ့ပိုးပေးပါတယ်။

Most Popular

Healthy Life Ad
To Top