၊ မိုးမင်းထွန်း ၊ သြစတြေးလျနိုင်ငံမှ တိရစ္ဆာန်ခွဲစိတ်ဆရာဝန်စုံတွဲဖြစ်တဲ့ ကင်မရွန်းဝစ်တိတ်ကာနဲ့ ကယ်လီကာရူဆိုတို့ဟာ ဆစ်ဒနီတိရစ္ဆာန်ကုသသင်ကြားရေးဆေးရုံမှာ အသက် ၁၆နှစ်အရွယ် အင်ဒီရာအမည်ရ စူမားတြားကျားမကြီးရဲ့ မျက်စိအတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ကျားရဲ့မျက်စိတွေက အတွင်းတိမ်တွေကို ဖယ်ရှားပေးခဲ့ပြီးနောက် အင်ဒီရာအတွက် သီးသန့်ပြုလုပ်ထားတဲ့ ဂျာမနီနိုင်ငံထုတ်မျက်ကပ်မှန်တွေကို တပ်ဆင်ပေးခဲ့ကြပါတယ်။ အင်ဒီရာဟာ...
၊ မိုးမင်းထွန်း ၊ အမေရိကန်ပြည်ထောင်စုမှ အသက် ၅၄ နှစ်အရွယ် အင်ထရူးကူဇီဟာ ကင်ဆာရောဂါကို ကိုးကြိမ်တိုင် အန်တုအနိုင်ယူနိုင်ခဲ့ပါတယ်။ ၁၉၇၀ခုနှစ် အသက်၈နှစ်အရွယ်မှာ အရေပြားကင်ဆာဖြစ်ပွားတာကြောင့် နားအစိတ်အပိုင်းအချို့ ဖယ်ရှားခဲ့ရပါတယ်။ ၁၉၈၄ခုနှစ်မှာ အရိုးကင်ဆာဖြစ်ပွားပြီး ညို့သကျည်းမှ တံကျင်ရိုးအစိတ်အပိုင်းတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ ၁၉၈၄ခုနှစ်မှာ...
၊ မိုးမင်းထွန်း ၊ ငယ်ရွယ်စဉ်ကတည်းကတိုင် နှာခေါင်းနှိုက်တာကို ရွံရှာစရာအမူအကျင့်အဖြစ် သင်ကြားခံခဲ့ရပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ရုံမက နှာခေါင်းနှိုက်တာကြောင့် နှာခေါင်းပေါက်ထဲက နူးညံ့တဲ့အရေပြား စုတ်ပြဲတာ၊ နှာခေါင်းပိုးဝင်တာတွေဖြစ်တတ်တယ်လို့ သိထားကြပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ ကလေးတွေ နှာခေါင်းနှိုက်တာကိုမတားမြစ်ဖို့နဲ့ ဒါက ကျန်းမာရေးပိုကောင်းစေတယ်လို့ ဆိုပါတယ်။...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ ကေးလိဝုဒ်ဟာ သားဦးလေးကို ပွေ့ချီရင်း ကိုယ်ဝန် ၁၆ ကြိမ်ပျက်ကျခဲ့တဲ့ ၁၀ နှစ်တာကာလကို မေ့လျော့သွားကာ အကြီးအကျယ် ပျော်ရွှင်နေခဲ့ပါတယ်။ စိတ်ပျက်အားငယ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်ဆင်းရဲရတဲ့ ကာလတွေကို ကြုံတွေ့ခဲ့ပြီး ဒီတစ်သက်...
၊ မိုးမင်းထွန်း ၊ အမေရိကန်ပြည်ထောင်စုမှ အသက်နှစ်နှစ်အရွယ် အီဗာနဲ့ အယ်ရစ်ကာစန်ဒိုဗယ်လ် ကိုယ်ချင်းဆက် ညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက ရင်ညွန့်ချင်းဆက်နေပြီး အစာခြေစနစ်၊ သားအိမ်၊ အသည်း၊ ဆီးအိမ်နဲ့ ခြေထောက်သုံးချောင်းတို့ကို ဝေမျှထားကြပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်နေ့က လူ...
၊ မိုးမင်းထွန်း ၊ အိန္ဒိယနိုင်ငံမှ အသက် ၂၁ နှစ်အရွယ် မန်ပရစ်ဆင်းဟာ အရပ်အမြင့် ၁ ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ၁၅ပေါင်သာရှိပါတယ်။အသက် ၁၂အရွယ်ကတည်းက ဟိန္ဒူနတ်ဘုရားဝင်စားတယ်ဆိုပြီး ရွာသားတွေက ကိုးကွယ်နေကြပါတယ်။ ခြောက်လသားအရွယ်ကတည်းက ကြီးထွားနှုန်းရပ်တန့်သွားခဲ့ပါတယ်။ မိဘတွေက...
၊ မိုးမင်းထွန်း ၊ အရုပ်မကိုယ်ဟန်နဲ့ အပြာရောင်မျက်လုံးတွေကြောင့် သက်ရှိဘာဘီအရုပ်မလေးလို့ တင်စားခံရတဲ့ ရုရှားမော်ဒယ်မလေး ယူလီယာကရီဂျာက မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ ယူလီယာရဲ့ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေဟာ လူမှုမီဒီယာတွေမှာ ရေပန်းစားနေပြီး အပြာရောင်မျက်လုံးတွေဟာ မျက်ကပ်မှန်တပ်ထားတာကြောင့်မဟုတ်ဘဲ ပင်ကိုယ်အရောင်လို့ သိရပါတယ်။ အဝတ်အစားဝတ်ဆင်တဲ့အခါ စတိုင်ကျလှပစေဖို့ ရင်သား...
၊ မိုးမင်းထွန်း ၊ တရုတ်နိုင်ငံမှ အသက် ၁၉နှစ်အရွယ် ဝန်ရှောင်လီဟာ ခေါင်းအပြင်းအထန်ကိုက်တာကြောင့် ဆေးရုံတက် ခဲ့ရပါတယ်။ ဦးခေါင်းဓာတ်မှန်ရိုက်ကြည့်ရာမှာ တုတ်ပြားကောင်ကူးစက်မှုဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပါတယ်။ ကပ်ပါးကောင်က ကောင်းစွာဖွံ့ဖြိုးနေရုံသာမက ဦးနှောက်ဆဲလ်တွေအနားမှာ သက်သောင့်သက်သာ အသက် ရှင်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဆရာဝန်တွေကအန္တရာယ်များတဲ့ ဦးခေါင်းခွဲစိတ်မှုကိုပြုလုပ်ခဲ့ရပြီး တုတ်ပြားကောင်...
၊ မိုးမင်းထွန်း ၊ တရုတ်နိုင်ငံအရှေ့ပိုင်း ဆေးရုံတစ်ရုံမှ တည်ငြိမ်ရဲရင့်တဲ့ အမျိုးသမီးဆရာဝန်တစ်ယောက်ဟာ မီးတောက်မီးလျှံတွေက ဆေးရုံပြတင်းပေါက်နား ရောက်လာနေပေမယ့် လူနာအသက်ကယ်သွေးသွင်းတာကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဆေးရုံအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက စတင်မီးလောင်ခဲ့ပြီး မီးတောက်ကြီးက ဆေးရုံဆီသို့ ဦးတည်လာနေတာကြောင့် ထိတ်လန့်နေတဲ့ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေက ဘေးလွတ်ရာရွှေ့ပြောင်းဖို့...
၊ မိုးမင်းထွန်း ၊ တရုတ်နိုင်ငံတောင်ပိုင်းမှ အရက်အမူးလွန်နေသူတစ်ယောက်ဟာ ငါးသလဲထိုးနှစ်ကောင်ကို စအိုထဲထည့်မိခဲ့ပါတယ်။ ငါးနှစ်ကောင်က သူရဲ့အူတွေထဲလူးလွန့်နေခဲ့ကာ တစ်ကောင်က အူနံရံကို ဖောက်ထွက်သွားတာကြောင့် ဝမ်းဗိုက်ဟာ မခံ မရပ်နိုင်အောင် နာကျင်ခဲ့ပါတယ်။ အသက် ၄၅နှစ်အရွယ် အဆိုပါအမျိုးသားဟာ နောက်တစ်ရက်မှာ အပြင်းဖျားတာ၊ သွေးဖိအားကျတာနဲ့...