Healthy Life Ad
International

ရဲရင့်တဲ့တိရစ္ဆာန်ဆရာဝန်များက စူမားတြားကျားကြီး၏ မျက်စိအတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ တိရစ္ဆာန်ခွဲစိတ်ဆရာဝန်စုံတွဲဖြစ်တဲ့ ကင်မရွန်းဝစ်တိတ်ကာနဲ့ ကယ်လီကာရူဆိုတို့ဟာ ဆစ်ဒနီတိရစ္ဆာန်ကုသသင်ကြားရေးဆေးရုံမှာ အသက် ၁၆နှစ်အရွယ် အင်ဒီရာအမည်ရ စူမားတြားကျားမကြီးရဲ့ မျက်စိအတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။

ကျားရဲ့မျက်စိတွေက အတွင်းတိမ်တွေကို ဖယ်ရှားပေးခဲ့ပြီးနောက် အင်ဒီရာအတွက် သီးသန့်ပြုလုပ်ထားတဲ့ ဂျာမနီနိုင်ငံထုတ်မျက်ကပ်မှန်တွေကို တပ်ဆင်ပေးခဲ့ကြပါတယ်။ အင်ဒီရာဟာ ခွဲစိတ်မှုမပြုလုပ်ရင် နောက်ထပ် ၁၂လအတွင်း အမြင်အာရုံဆုံးရှုံးသွားနိုင်တယ်လို့ သိရပါတယ်။

ခွဲစိတ်မှုက လေးနာရီကြာမြင့်ခဲ့ပြီး အစောပိုင်းလက္ခဏာတွေအရ ခွဲစိတ်မှုအောင်မြင်တယ်လို့ ပြောနိုင်ကြောင်း သိရပါတယ်။ နာလန်ထဖို့အတွက် အချိန်အတော်ကြာ ကုသမှုခံယူရဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ကျားပိုင်ရှင် ဒွန်နာဝီလ်ဆင်က ခွဲစိတ်မှုအတွက်စိတ်လှုပ်ရှားတာကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ကြောင်း ပြောပြပါတယ်။ အင်ဒီရာကို မွေးကင်းစကတည်းက မွေးမြူခဲ့ကြောင်းလည်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top