Healthy Life Ad
International

နှာခေါင်းနှိုက်ခြင်း၊ နှပ်ချေးစားခြင်းတို့က ကျန်းမာရေးကောင်းစေသည်ဟု ဆို

၊ မိုးမင်းထွန်း ၊

ငယ်ရွယ်စဉ်ကတည်းကတိုင် နှာခေါင်းနှိုက်တာကို ရွံရှာစရာအမူအကျင့်အဖြစ် သင်ကြားခံခဲ့ရပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်ရုံမက နှာခေါင်းနှိုက်တာကြောင့် နှာခေါင်းပေါက်ထဲက နူးညံ့တဲ့အရေပြား စုတ်ပြဲတာ၊ နှာခေါင်းပိုးဝင်တာတွေဖြစ်တတ်တယ်လို့ သိထားကြပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ ကလေးတွေ နှာခေါင်းနှိုက်တာကိုမတားမြစ်ဖို့နဲ့ ဒါက ကျန်းမာရေးပိုကောင်းစေတယ်လို့ ဆိုပါတယ်။

သြစတြီးယားအဆုတ်ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဖရိုင်းဒရစ်ဘစ်ချင်ဂါက နှာခေါင်းနှိုက်ပြီး ထွက်လာတဲ့ နှပ်ချေးခြောက်စားပေးတာက ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေကြောင်းဆိုပါတယ်။ နှာခေါင်းဟာ ဘက်တီးရီးယားများစွာ စုစည်းပေးတဲ့ စစ်ထုတ်ရာနေရာဖြစ်တာကြောင့် ဒီလို ဘက်တီးရီးယားအစုအဝေးက အူတွေထဲရောက်ရှိတဲ့အခါ ဆေးဝါးလို အလုပ်လုပ်ပေးကြောင်း ပြောပြပါတယ်။ ဟားဗက်နဲ့ မက်ဆာချူးဆက်နည်း ပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကလည်း နှပ်ချေးမှာ သွားပိုးစားစေတဲ့ဘက်တီးရီးယားတွေကို ဟန့်တားနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ အစာအိမ်ပြည်တည်တာဖြစ်တာနဲ့ HIV ဗိုင်းရပ်စ်ကိုတောင် ကာကွယ်နိုင်တဲ့အစွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top