Health Tips
ပင့်ကူအကိုက်ခံရလျှင်
မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်) ပင့်ကူအကိုက်ခံရတဲ့အခါ ပင့်ကူလူသား ဖြစ်သွားလိမ့်မယ် အထင်နဲ့ ငြိမ်မနေလိုက်ပါနဲ့။ နာကျင်နီရဲတဲ့ဝေဒနာ သက်သာစေဖို့နဲ့ ပိုးသေစေဖို့ အရင်ဆုံးဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပြီး အောက်ပါသဘာဝကုထုံးတစ်မျိုးမျိုးကို လုပ်ဆောင်ပေးလိုက်ပါ။ သဘာဝဆေး (၁) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဖြင့် ဆေးကြောပါ ပင့်ကူကိုက်လို့အဆိပ်မသင့်ရင်တောင် ကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။...