မေး။ ။ စိတ်ဖိစီးမှုမများအောင် ဘယ်လိုလုပ်ရမလဲ။ Naing Nang (FB) ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ ဖြေ။ ။ စိတ်ဖိစီးမှုဆိုတာ နည်းနည်းရှိရင်ကောင်းပါတယ်။ စိတ်ဖိစီးမှုနည်းနည်းရှိမှ ‘ငါရအောင်လုပ်မယ်’ဆို တဲ့ ကြိုးစားချင်စိတ်ရှိမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုသိပ်များရင်တော့ မကောင်းပါဘူး။ ပြောရရင်...
ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) စိတ်ဖိစီးမှုမဖြစ်အောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ရော၊ စိတ်ဖိစီး လာချိန်မှာ အမြန်ဆုံးသက်သာ ပြေလျော့ဖို့အတွက်ပါ အစားအသောက် တွေကို အရေးပါနေပါတယ်။ (၁) အခွံမာသီး လက်တစ်ဆုပ်စာ အခွံမာသီးတွေဖြစ်တဲ့သီဟိုဋ္ဌ်စေ့၊ ဗာဒံစေ့စတာတွေမှာ မဂ္ဂနီစီယမ်တွေ ပါဝင်တာကြောင့် ဖိစီးမှုဟော်မုန်း ကော်တီဆောဟော်မုန်းကို...
၊ ငွေကြယ်စင်ယံ ၊ စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့ရာအတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ – အိပ်ရေးဝ၀ အိပ်စက်ပါ။ – လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ။ တစ်နေ့ မိနစ် ၃၀ခန့် လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ – ကောင်းမွန်တဲ့လူမှုဆက်သွယ်ရေး...
၊ ငွေကြယ်စင်ယံ ၊ စိတ်ဖိစီးမှုများတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေဖြစ်တတ်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ – ခေါင်းကိုက်ခြင်း အဖြစ်ဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပြောရရင် ခေါင်းကိုက်တာက စတတ်ပါတယ်။ ရုံးနဲ့အိမ်မှာ အလုပ်တွေပင်ပန်းပြီး လုပ်သမျှက အဆင်မပြေဘူးဆိုရင် ခေါင်းကိုက်တာ၊ ဇာက်ကြောတက်တာ၊ ကြွက်သားတွေ...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) စိတ်ဖိစီးမှု ခံစားရရင် သွေးတိုးစေပြီး ကြွက်သားတွေကို တောင့်တင်းစေပါတယ်။ စိတ်ဖိစီးမှုပြေလျော့အောင် လုပ်တာဟာ အပန်းပြေစေတဲ့အပြင် သွေးဖိအားကိုလျော့ကျစေပြီး ကြွက်သားတင်းအားကို လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့အတွက် မိနစ်၂၀ အချိန်ပေးပြီး အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။...
စိတ်ဖိစီးမှုဖြစ်လာရင် အမြန်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းရှာရပါမယ်။ မဟုတ်ရင် နာတာရှည် ဖိစီးမှုဒဏ်ခံရတဲ့အခါ စိတ်ဓာတ်ကျပြီး စိတ်ကျရောဂါအထိ ခံစားရတတ်လို့ပါ။ (၁) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်သည့် လေ့ကျင့်ခန်း စိတ်ဖိစီးမှုတွေမဖြစ်အောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မယ်။ ခဏအောင့်ထားမယ်။ ပြီးရင် အသက်ကို ပြင်းပြင်းပြန်မှုတ်ထုတ်လိုက်ရင်ပဲ တော်ရုံတန်ရုံ...
ကျွန်မတို့တစ်တွေရဲ့ ကိုယ်နေဟန်အမူအရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဘယ်လောက်ရှိသလဲဆိုတာ ကိုပြသနေသလို စိတ်ဖိစီးမှုကို ဘယ်လောက်လျှော့ချနိုင်သလဲ၊ အောင်မြင်မှုကို ဘယ်လောက်အထိ ယုံကြည် မျှော်မှန်းသလဲဆိုတာကိုလည်း ပြသနိုင်တယ်လို့ လူမှုစိတ်ပညာရှင် အေမီကတ်ဒီက ဆိုပါတယ်။ ခန္ဓာကိုယ်အမူအရာက အလုပ်အင်တာဗျုး ဖြေဆိုရာမှာ၊ အများကြား စကားစမြည်ပြောဆိုရာမှာ အရေးပါသလို ကိုယ့်စိတ်အခြေအနေကိုလည်း...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) နံနက် အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ချိန်အကြားမှာ ပုံမှန်အရွယ်အစားရှိတဲ့ အရွယ်ရောက်သူ တစ်ဦးဟာ အရပ်တစ်ရာခိုင်နှုန်း (တစ်လက်မရဲ့ သုံးပုံနှစ်ပုံနီးပါး)ကွာခြားမှုရှိတယ်ဆိုတာ သင်သိပါရဲ့လား။ ဒါက ညဘက်မှာ တစ်နေ့လုံး ဖိစီးခဲ့တဲ့ လုပ်ငန်းခွင်စိတ်ဖိစီးမှုဒဏ်ကြောင့် ကျုံ့သွားတဲ့ အရပ်ဖြစ်ပါတယ်လို့ ဆွစ်လေ့လာမှုအသစ်အရ...
အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေက စိတ်ဖိစီးမှုနဲ့ ဖိအားဒဏ်ကို ပိုခံရပါတယ်။ အဲဒီအတွက် စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့အပြင် အပန်းဖြေတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတာတွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးရပါမယ်။ (Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ်...
၊ ငွေကြယ်စင်ယံ ၊ ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ မလွှဲမရှောင်သာ ကြုံကြိုက်ရတဲ့အရာပါ။ စိတ်ဖိစီးမှုဒဏ်ခံရရင် ကြာလာတဲ့အခါ ကိုယ်ရောစိတ်ပါပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိထားတဲ့ စိတ်ဖိစီးမှုလျော့ကျရေး အလေ့အထတွေကိုလုပ်ဆောင်သင့်ပါတယ်။ ဇာထိုးပန်းထိုးလုပ်ခြင်း လက်ကို ထပ်ခါထပ်ခါလှုပ်ရှားရတဲ့ ဇာထိုးပန်းထိုးဝါသနာဟာ စိတ်ကိုတည်ငြိမ်စေတယ်လို့ ကျွမ်းကျင်သူ...