Healthy Life Ad
Life Style

အချိန်နှစ်မိနစ်အတွင်း စိတ်ဖိစီးမှုကိုမောင်းထုတ်နိုင်မည့် အမူအရာ ငါးမျိုး

ကျွန်မတို့တစ်တွေရဲ့ ကိုယ်နေဟန်အမူအရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဘယ်လောက်ရှိသလဲဆိုတာ ကိုပြသနေသလို စိတ်ဖိစီးမှုကို ဘယ်လောက်လျှော့ချနိုင်သလဲ၊ အောင်မြင်မှုကို ဘယ်လောက်အထိ ယုံကြည် မျှော်မှန်းသလဲဆိုတာကိုလည်း ပြသနိုင်တယ်လို့ လူမှုစိတ်ပညာရှင် အေမီကတ်ဒီက ဆိုပါတယ်။

ခန္ဓာကိုယ်အမူအရာက အလုပ်အင်တာဗျုး ဖြေဆိုရာမှာ၊ အများကြား စကားစမြည်ပြောဆိုရာမှာ အရေးပါသလို ကိုယ့်စိတ်အခြေအနေကိုလည်း သက်ရောက်မှုရှိပါတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အခါ ကိုယ်နေဟန် စမတ်ကျနကြည့်ကောင်းနေတတ်ပါတယ်။ အတွင်းစိတ်ခွန်အားမြင့်တဲ့သူတွေကပဲ အကောင်းမြင်စိတ်ရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားတတ်တာပါ။ သန်စွမ်းတဲ့သူတွေမှာ ခေါင်းဆောင်နိုင်တဲ့ ဟော်မုန်း (တက်စတိုစတီရုန်း)မြင့်မားနေပြီး စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း (ကော်တီစော) လျော့နည်းနေတတ်ပါတယ်။

တကယ်လို့ စိတ်ဖိစီးမှုများနေတယ်ဆိုရင်၊ စိတ်ဖိစီးမှုများတဲ့အခြေအနေကို ကြုံတွေ့နေရတယ်ဆိုရင် တစ်ယောက်တည်း အချိန်နှစ်မိနစ်လောက်နေလိုက်ပါ။ ရုံးခန်းအလွတ် ဒါမှမဟုတ် ရေချိုးခန်း ဒါမှမဟုတ် ဓာတ်လှေကားထဲမှာ အချိန်နှစ်မိနစ်ခန့်အောက်မှာပြထားတဲ့ အမူအရာ တစ်ခုခုကိုလုပ်ဆောင်ပြီးမှ အရေးကြီးတဲ့ အစည်းအဝေးခန်းထဲကိုသွားပါ။ ဒါဆိုရင် စိတ်ဖိစီးမှုကိုတွန်းလှန်ထားပြီး ဖြစ်တဲ့အတွက်ကြုံလာမယ့်အရာရာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

နည်းလမ်း (၁)
ထိုင်ခုံပေါ်မှာ လက်တွေ၊ ခြေထောက်တွေ ကျုံ့ပြီးနေတာထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုရှိတဲ့ဟန်နဲ့ ခဏထိုင်ပါ။

နည်းလမ်း (၂)
စားပွဲပေါ်မှာ လက်ပိုက်ပြီး ထိုင်တာမျိုးထက် စားပွဲပေါ်လက်တွေ ဆန့်တန်းပြီး မတ်မတ်နေပါ။

နည်းလမ်း (၃)
ထိုင်ခုံပေါ်မှာ တစ်ခုခုကို စိုးထိတ်တဲ့ဟန်နဲ့မထိုင်ဘဲ ရဲရင့်တဲ့ ဟန်အမူအရာနဲ့ ထိုင်ပေးပါ။

နည်းလမ်း (၄)
ခါးထောက်ပြီး မတ်မတ်ရပ်ကာ ပခုံးတွေကို ဖွင့်ထားပါ။

နည်းလမ်း (၅)
အဖြေရှာတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကြုံ့ဝင်တဲ့ အမူအရာနဲ့ မတွေးတောပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top