လူအများစုဟာ ပင်မှည့်သီးခေါ်စူကာသီးကို ဖျော်ရည်ဖျော်သောက်ကြတာများပါတယ်။ ပင်မှည့်သီးဖျော်ရည်မှာ အယ်လ်ကာလွိုက်တွေပါဝင်ပြီး သွေးတိုးကျတာ၊ စိတ်ငြိမ်သက်တာ၊ ကြွက်တက်မှုလျော့ကျတာ စတဲ့အာနိသင်တွေ ရှိပါတယ်။ ပင်မှည့်ပင်က ပွင့်တဲ့ပန်းဟာ စိတ်ငြိမ်စေတဲ့ အာနိသင်အနည်းငယ်ရှိပြီး အိပ်မောကျစေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြောအလုပ်လုပ်လွန်တဲ့ ရောဂါကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှားလွယ်တဲ့ ကလေးတွေကို...
ညဘက်မှာ အိပ်မပျော်တာ၊ လန့်နိုးတာနဲ့ အိပ်ရေးမဝတာ စတာတွေဖြစ်ပြီး မနက်နိုးလာတဲ့အခါ လန်းဆန်း မှုမရှိဘဲ နုံးနေရင် ညအိပ်ရာမဝင်ခင် ပင်မှည့်သီးဖျော် ရည်တစ်ဖန်ခွက် သောက်သင့်ပါတယ်။