Health Tips
ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်နှေးကွေးခြင်းအတွက် ကိုရီးယားလူမျိုးတို့၏ အိမ်တွင်းကုထုံးများ
မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ကိုရီးယားသူတိုင်းလိုလို ခန္ဓာကိုယ်သွယ်လျကြတယ်။ အသက်ကြီးလာလို့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်နှေးလာပေမယ့် သူတို့ကတော့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မြန်အောင်လုပ်ပြီး သွယ်လျကျန်းမာအောင် နေထိုင်ကြပါတယ်။ သူတို့ ဘယ်လိုနေထိုင်ကြသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်။ သူတို့က လေ့ကျင့်ခန်းလုပ်ဖို့ စောစောအိပ်ရာထကြတယ် ကိုရီးယားသူအများစုက မနက်စောစော အိပ်ရာထလေ့ရှိကြတယ်။ သူတို့က မနက်ခင်းဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့...