———၊ ငွေကြယ်စင်ယံ ၊——— အဆင်သင့် အာလူးချောင်းကြော်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာမဟုတ်ပါဘူး။ အာလူးချောင်းကြော်ကို အများကြီးစားမိရင် ဆိုးကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ (၁) မကောင်းသောအဆီများ ပါဝင်ခြင်း အာလူးချောင်းကြော်ထဲမှာ ပြည့်ဝဆီပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့လို ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ပြည့်ဝဆီ...
———၊ ငွေကြယ်စင်ယံ ၊——— ခန္ဓာကိုယ်က ပျော့ပျောင်းနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကိုကိုင်းပြီး ကြမ်းပြင်ကို ထိလို့ရတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ ့ ပျော့ပျောင်းသန်စွမ်းမှုတိုးစေဖို့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်းဆိုသည်မှာ ဆွဲဆန့်လေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်ပြည့်ဝဝ ဆန့်ထုတ်ပေးတဲ့နည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ...
———၊ ငွေကြယ်စင်ယံ ၊——— လေဖြတ်ဝေဒနာဖြစ်နှုန်း လျော့ကျစေပါတယ် သံပရိုသီးက အမျိုးသမီးတွေမှာ နှလုံးသွေးကြောကျဉ်းလို့ဖြစ်တဲ့ လေဖြတ်ဝေဒနာအန္တရာယ် လျော့ကျစေပါတယ်။ လတ်တလောလေ့လာမှုအရ အချဉ်အရသာရှိတဲ့ သစ်သီးတွေကို အများဆုံးစားတဲ့ အမျိုးသမီးတွေက အနည်းဆုံးစားသူတွေထက် နှလုံးသွေးကြောကျဉ်းလို့ဖြစ်တဲ့ လေဖြတ်ဝေဒနာကို ၁၉ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။...
———၊ ငွေကြယ်စင်ယံ ၊——— သဘာဝကပေးတဲ့ အကောင်းဆုံးအစားအစာထဲမှာ အခွံမာသီးတွေဟာလည်း တစ်မျိုးအပါအဝင်ပါ။ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီအခွံမာသီးတွေထဲမှာ သစ်ကြားသီးကတော့ ဘုရင်တစ်ဆူလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးဟာ တခြားအခွံမာသီးတွေထက်...
———၊ ငွေကြယ်စင်ယံ ၊——— ရှားစောင်းလက်ပပ်ကို ဆေးပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ ရှားစောင်းလက်ပပ်မှာ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုသေစေတဲ့ အာနိသင်၊ ရောင်ရမ်းမှုနဲ့ ကိုက်ခဲမှု ကျစေတဲ့အစွမ်း၊ ဆဲလ်တွေကို အသစ်ဖြစ်စေပြီး အနာကျက်စေတဲ့ ဂုဏ်သတ္တိတို့ ပါဝင်နေလို့ပါပဲ။ ရှားစောင်းလက်ပပ်ပင်က အိမ်မှာစိုက်ရလည်းလွယ်ပြီး သေချာဂရုစိုက်ပျိုးထောင်နေစရာမလိုဘဲ...
———၊ ငွေကြယ်စင်ယံ ၊——— ကျန်းမာရေးနဲ့ညီအောင် စားချင်ပေမယ့် အစားအစာနဲ့ပတ်သက်တဲ့ အယူအဆတွေက များလွန်းတာကြောင့် ရွေးချယ်ရခက်နေပါသလား။ အတွေ့ရများတဲ့ အစားအစာနဲ့ အာဟာရဆိုင်ရာ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ အယူအဆ (၁) အခွံမာတဲ့ အစေ့အဆန်တွေက ဝစေနိုင်ပါတယ်။ အမှန် အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ...
———၊ ငွေစင်ကြယ်ယံ ၊——— ညဘက် အိပ်မပျော်သူတွေ၊ ညဘက်အိပ်ပေမယ့် အိပ်ရေးမဝသူတွေ ညတိုင်း အိပ်ရေးဝ၀ အိပ်မောကျစေမယ့် နည်းလမ်းကောင်း ခုနစ်ရပ်ကို မျှဝေလိုက်ပါတယ်။ (၁) ည ၁၀ နာရီခွဲနောက်ဆုံးထားပြီး အိပ်ရာဝင်ပါ ညဉ့်နက်တဲ့အထိ ဘယ်တော့မှ မနေပါနဲ့။ ညတိုင်း...
———၊ ငွေကြယ်စင်ယံ ၊——— အကျိုးပြုဘက်တီးရီးယားဆိုတာ အကျိုးပြုစွမ်းရည်တွေရှိတဲ့ Microorganism တစ်မျိုးဖြစ်ပါတယ်။ အစာခြေစနစ်ဟာ ဘက်တီးရီးယားအမျိုးပေါင်း ၅၀ဝ ကျော်ရဲ ့ နေအိမ်ဖြစ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးတဲ့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေ ဟန်ချက်ညီမျှဖို့ လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားဟာ အူလမ်းကြောင်း...
———၊ ငွေကြယ်စင်ယံ ၊——— အစိမ်းရောင်စပျစ်သီး အစိမ်းရောင်စပျစ်သီးမှာ အိုမင်းမှု ဟန့်တားပေးတဲ့ ရက်စ်ဗာရထရောဓာတ် ပါဝင်တာကြောင့် အသားအရေကို နုပျိုတင်းရင်းစေပါတယ်။ ဘယ်လို အသုံးဝင်သလဲ အစိမ်းရောင်စပျစ်သီးကို ပျားရည်၊ ဒိန်ချဉ်တွေနဲ့ ရောပြီး အရေပြားပေါ် သုတ်လိမ်းပေးတာကြောင့် အဆီပြန်တာနဲ့ ဝက်ခြံပေါက်တာကို လျော့ပါးစေကာ...
———၊ ငွေစင်ကြယ်ယံ ၊——— စိတ်ဖိစီးမှုဆိုတာ ဘဝရဲ ့ ပုံမှန်အစိတ်အပိုင်း တစ်ရပ်ပါ။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတွေနဲ့ ကြုံလာရတိုင်း အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အကြံပြုချက်တွေကို ရေးသားလိုက်ရပါတယ်။ လူထူထပ်လို့ စိတ်ဖိစီးမှုများနေသလား ဥပမာပြောရရင် လူထူထပ်တာက သင့်ကို...