မေး။ ။ အခုလို ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ချွေးအရမ်းထွက်တတ်ကြပါတယ်ရှင့်။ ဒါပေမဲ့ ကျွန်မက အရမ်းပူလာရင် ခန္ဓာကိုယ်ကပဲ ချွေးအရမ်းမထွက်ဘဲ ခေါင်းချွေးတွေ အရမ်းထွက်ပါတယ်။ မိန်းကလေး တစ်ယောက်လည်းဖြစ်တော့ အရမ်းပူတဲ့အချိန် လူတွေကြားထဲမှာ ခေါင်းချွေးတွေက စီးကျပြီး စိတ်အ ရမ်းညစ်ရပါတယ်။ ခေါင်းလည်း...
မေး။ ။ ညီမ အသက် ၂၆နှစ်ပါ။ ညီမ အခုတလောမှာ တစ်ပတ်ပြည့်တော့မှာပါ။ ခေါင်းအရမ်းကိုက်ပါတယ်။ ဆရာဝန်ကတော့ အဖျားရှိလို့ခေါင်းကိုက်တာလို့ပြောပေမယ့် လက်သီးနဲ့ ထိုးခံရသလိုမျိုးကိုက်တာပါ။ ဟေနွယ်မွန် (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ။ ။ လောလောဆယ် ဖျားနေတယ်လို့ ထင်ပါတယ်။...
မေး။ ။ကာလသားရောဂါနဲ့ပတ်သတ်ပြီး မေးချင်လို့ပါ။ ဒီရောဂါက ဆေးသောက်၊ ဆေးထိုးပြီး ပျောက်ပေမယ့် သွေးမှာ ပိုးသေတွေ သွေးစစ်တိုင်း တွေ့နေရတယ်လို့သိရပါတယ်။ သွေးထဲမှာပါ သန့်သွားအောင် ကုသလို့ရပါသလား သိချင်လို့ပါ။ ကျေးဇူးပြုပြီးကုသလို့ရမယ့် နည်းလမ်းများရှိရင် လမ်းညွန်ပေးနိုင်မလား ခင်ဗျ။ အောင်ကျော်(FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။...
မေး. ကျွန်တော့်လည်ပင်းနားမှာ ကြွက်နို့ / မှဲ့အမြဲ ပေါက်တယ်။ ကြွက်နို့နဲ့ မှဲ့ဘယ်လို ခွဲသိနိုင်ပါသလဲ၊ ကြွက်နို့က အသက်အန္တရာယ်ပေးနိုင်ပါသလား။ ဘယ်လိုသက်သာအောင် ကုသလို့ရပါသလဲ။ ဦးသန့်ဇင်၊ ကျောက်တံတား။ ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ကြွက်နို့ဆိုတဲ့ အရေပြားရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ခြေချောင်း၊...
မေး။ ။ အခုတလော အစာအိမ်ကအချဉ်ရည်တွေတက်ပြီး ရင်ဝအထိရောက်လာရင် ရင်ဘတ်က ဆွဲထားသလိုကြီးပဲ တော်တော်ခံရခက်ပါတယ်။အစာစားရင်လည်း အတော်ကို ခံရခက်ပါတယ်။ ရင်ဘတ်က ဆုတ်ဆွဲထားသလိုကြီး။ ပြီးရင်အစာစားချိန် နောက်ကျတာနဲ့ကြို့ထိုးရော။ ပန်းရောင်သောက် ကြည့်တာနည်းနည်းတော့သက်သာပါတယ်။ ဒါပေမဲ့ အရှင်းကြီးမပျောက်ဘူး။ ဆေးတစ်ကတ်တော့ ကုန်ပြီ။ ဒီနေ့ဆေးခန်းသွားပြမယ်ဆိုမှ ပြနေကျဆေးခန်းက...
မေး. ငှက်ဖျားအကြောင်းသိချင်လို့ပါ။ ဘယ်နှစ်မျိုးရှိသလဲ၊ ဘယ်ကနေဘယ်လိုဖြစ်သလဲ၊ ဘယ်လိုကာကွယ်လို့ ရသလဲ ဆိုတာလေး သိချင်လို့ပါဆရာ။ Khun Aung Sanwin (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ငှက်ဖျားရောဂါဟာ ငှက်ဖျားရောဂါပိုးကြောင့်ဖြစ်တာပါ။ လူတွေကို ကူးစက်နိုင်တဲ့ ငှက်ဖျားပိုး ငါးမျိုးရှိပါတယ်။ ငှက်ဖျားပိုးရှိနေတဲ့ခြင်ကိုက်ရင်...
မေး. တီဘီဆေး စသောက်နေပါတယ်။ ၁၀ရက် လောက်ရှိပါပြီ။ အခုချောင်းနည်းနည်း ပြန်ဆိုးပြီး လည်ချောင်းတွေ နာနေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲ။ တီဘီပိုးတော့မတွေ့ပါဘူး။ အဆုတ်မှာအနာလေးတွေ တွေ့တယ်လို့ ပြောပါတယ်။ သန္တာ (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ဓာတ်မှန်အရ တီဘီလို့ယူဆရတဲ့အတွက် တီဘီဆေးပေးတာပါ။...
မေး. ကျိုချက်ထားတဲ့ ရေနွေးပူကို ဖန်သားပါဓာတ်ဘူးထဲမှာလှောင်ထားပြီး သောက်သုံးတာက ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ကင်ဆာဖြစ်တတ်တယ်လို့ ကြားဖူးလို့ပါ။ အဲဒါဟုတ်ပါသလား။ ဟုတ်ရင် ဘယ်လိုရောဂါတွေ ဖြစ်တတ်ပါသလဲ။ ဦးသန့်ဇင်၊ ကျောက်တံတား။ ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။ ဖြေ. လက်ရှိသိပ္ပံနည်းအရ ရေနွေးကျိုသောက်တာဟာ ရေစိမ်းသောက်တာထက် ပိုကောင်းတယ်လို့...
မေး။ ခြင်ဝင်မှာစိုးရိမ်လို့ရှိသမျှ အခန်းတံခါးတွေ အလုံပိတ်ပြီး ခြင်ဆေးခွေထွန်းထားရင် ကိုယ်ဝန်ဆောင်အနေနဲ့ ခြင်ဆေးခွေအငွေ့နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးဆိုးကျိုးတွေရှိသလဲ၊ မွေးကင်းစကလေးလေးတွေ အတွက်ကော ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေရှိလဲ၊ လူကြီးတွေမှာရော ခြင်ဆေးခွေအနံ့ကို နေ့စဉ်ရှူရှိုက်မိရင် ဘယ်လိုမျိုးကျန်းမာရေး ပြဿနာတွေ တွေ့နိုင်သလဲဆိုတာ သိချင်လို့ပါ။ ဟေမန်၊ ဒေါပုံ။...
မေး။ ။ ကျွန်တော့်ကလေးက အခုမှ သုံးလပြည့်ဖို့ ငါးရက်လိုသေးတယ်။ ထိုင်ပဲထိုင်ချင်တယ်။ လှဲထားလို့ကို မရဘူး။ သူများက ခါးကုန်းလိမ့်မယ်လို့ ပြောကြတော့ ခက်နေတယ်။ လှဲထားလို့ မရဘူး။ လှဲထားရင် အော်တော့တာပဲ။ ပြဿနာရှိပါသလား။ ကိုကိုထွေး (FB) ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။...