Healthy Life Ad
Health Tips

ပူပူစပ်စပ်လေးစားပြီးချိန်မှာ ဝမ်းဗိုက်ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“မာလာရှမ်းကောလေး စားချင်လိုက်တာ၊ စားပြီးရင် ဗိုက်မကောင်းမှာစိုးတယ်”

“ဟော့ပေါ့ချဉ်ချဉ်စပ်စပ်လေး သောက်လိုက်ရရင်ကောင်းမှာပဲ၊ စားပြီးရင် ဗိုက်မကောင်းမှာစိုးတယ်”

ဒါမျိုးတွေ တွေးနေမိပါသလား။ ပူပူစပ်စပ်လေးတွေကို တစ်ခါတလေ စားပေးရင် စိတ်ထဲမှာ နေလို့ကောင်းသွားတယ်၊ ကယ်လိုရီကျသွားတယ်၊ အဆီပိုတွေကို လျော့စေတယ် . .ဒီလိုကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ပူပူစပ်စပ်လေး စားပြီးချိန် ဗိုက်မနာဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်နာပေးပါနော်။

နည်းလမ်း(၁) ငှက်ပျောသီးစားပါ

ငှက်ပျောသီးမှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။ ဝမ်းဗိုက်ကိုလည်း ကျန်းမာစေပါတယ်။

နည်းလမ်း(၂) ဒိန်ချဉ်စားပါ

ဒိန်ချဉ်အလွတ်(သကြား၊ ထန်းလျက်မပါ) စားလိုက်ရင် အစာအိမ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတိုးစေပြီး အစာကြေကာ မအီမသာဖြစ်ခြင်း ကင်းစေပါတယ်။

နည်းလမ်း(၃) သင်္ဘောသီးမှည့်စားပါ

သင်္ဘောသီးက အစာမကြေတာကို သက်သာစေပြီး ဝမ်းမှန်စေပါတယ်။

နည်းလမ်း(၄) ထမင်းဖြူစားပါ

ထမင်းဖြူစားလိုက်ရင် ပါးစပ်ထဲပူစပ်တာကို အရင်ဆုံး သက်သာစေသလို ဝမ်းဗိုက်ကိုလည်း နေလို့ကောင်းသွားစေပါတယ်။

နည်းလမ်း(၅) ရေနွေးပူပူ၊ ကြက်စွပ်ပြုတ်ပူပူသောက်ပါ

ဒါကတော့ ခန္ဓာကိုယ်ရဲ ့ သဘာဝအရည်ဓာတ်နဲ့ ဓာတ်ဆားတွေကို ဟန်ချက်ညီစေလို့ပါပဲ။

Most Popular

Healthy Life Ad
To Top