Healthy Life Ad
Health Tips

သင့်မိခင်ရဲ ့ ကျန်းမာရေးအမွေကို ဆက်ခံနေရသလား . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးအခြေအနေအများစုက မျိုးရိုးဗီဇနဲ့ ဆက်နွှယ်မှုရှိပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ ့ ကင်ဆာသုတေသနလေ့လာသူတွေက မိန်းကလေးတစ်ဦးဟာ သူ့မိခင်ငယ်စဉ်က စတင်ရာသီလာတဲ့ရက်ရဲ့ သုံးလအတောအတွင်းမှာ သူလည်း(အဲဒီအသက်အရွယ်မှာ) ရာသီလာလေ့ရှိတယ်လို့ ဆိုပါတယ်။ မိန်းကလေးတွေအနေနဲ့ မိခင်ထံက မျိုးရိုးဗီဇလိုက်ပြီးဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-62245
(၁) ခေါင်းတစ်ခြမ်းကိုက်ခြင်း

သင့်မိခင်မှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါရှိရင် သင်လည်း ခံစားရနိုင်ခြေ ၇၀-၈၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ပြင်းပြင်းထန်ထန် ခေါင်းကိုက်စေတဲ့ မျိုးရိုးဗီဇက လက်ဆင့်ကမ်းပါလာနိုင်ခြေ ရှိတယ်လို့ သုတေသီတွေက ယုံကြည်နေကြပါတယ်။ မျိုးရိုးဗီဇက ငုပ်လျှိုးနေရင်တောင် အလင်းရောင်လို ပြင်ပအခြေအနေက ဦးနှောက်ရဲ ့ နာကျင်မှုဖြစ်စေတဲ့ စင်တာကို လှုံ့ဆော်ပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ခေါင်းကိုက်စေတဲ့ တခြားလှုံ့ဆော်မှုတွေကတော့ ချောကလက်၊ ကော်ဖီ၊ ဒိန်ခဲ၊ ချဉ်တဲ့အသီးအနှံတွေနဲ့ ဝိုင်နီတို့ပဲ ဖြစ်ပါတယ်။ ရာသီလာစဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်စေနိုင်ပါတယ်။

alignnone size-medium wp-image-62246
(၂) ရင်သားကင်ဆာ

ငုပ်ဗီဇ BRCA1 ဒါမှမဟုတ် BRCA2 တို့ကို သယ်ဆောင်လာတဲ့ အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ငုပ်ဗီဇရှိတဲ့ အမျိုးသမီးအများစုဟာ အလွန်ငယ်ရွယ်တဲ့ အသက်အပိုင်းအခြားမှာတောင် ကင်ဆာဖြစ်စေနိုင်တယ်လို့ ကင်ဆာအထူးကု ဒေါက်တာအဲလိဇဘတ်က ဆိုပါတယ်။ ကာကွယ်တဲ့အနေနဲ့ အမျိုးသမီးတိုင်းဟာ အသက် ၄၀ ကျော်ပြီးတာနဲ့ နှစ်စဉ် ရင်သားဓာတ်မှန်ရိုက်ဖို့ အရေးကြီးပါတယ်။ သင့်ဆွေမျိုးအရင်းအချာထဲမှာ ရင်သားကင်ဆာရှိသူပါခဲ့ရင် ပိုပြီးသတိထားသင့်ပါတယ်။

alignnone size-medium wp-image-62247
(၃) ကြံ့ခိုင်မှုအဆင့်

ခန္ဓာကိုယ်ရဲ ့ ကြံ့ခိုင်သန်စွမ်းမှုကလည်း မျိုးရိုးလိုက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ကြွက်သားတွေကို တည်ဆောက်ပေးဖို့ လိုအပ်နေပေမယ့် ပင်ကိုကြံ့ခိုင်မှုစွမ်းရည်ပေါ်မူတည်ပြီး ကြွက်သားထုထည်တည်ဆောက်ဖို့နဲ့ ကြံ့ခိုင်မှုအဆင့်ကိုရရှိဖို့ လေ့ကျင့်ခန်းလုပ်ရတာချင်းကတော့ လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီတတ်ပါဘူး။ သင့်အနေနဲ့ ကြံ့ခိုင်မှုရရှိဖို့အတွက် ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ စွမ်းအားမြင့် အေရိုးဗစ်လှုပ်ရှားမှုတွေကို တစ်ကြိမ်မှာ မိနစ် ၃၀-၄၅ လောက်နဲ့ တစ်ပတ်မှာသုံးရက်လောက် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အလေးမတာနဲ့ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာတွေကိုလည်း ထပ်မံလုပ်ဆောင်ပေးရပါမယ်။

alignnone size-medium wp-image-62248
(၄) စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျတာလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းတာက မျိုးရိုးလိုက်တတ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ကျရောဂါရှိတဲ့ မိသားစုရှိရင် မျိုးရိုးလိုက်နိုင်ခြေ ၁၀ ရာခိုင်နှုန်းခန့်ရှိပါတယ်လို့ သိရပါတယ်။ စိတ်ဓာတ်မကျအောင် အိပ်ရေးဝ၀အိပ်စက်ပေးရပါမယ်။ အယ်လ်ကိုဟောမှီဝဲမှုကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ အရက်သောက်တာ၊ ညောင်းညာတာနဲ့ ဖိစီးမှုများတာတွေက စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကို များစေတာကြောင့်ပါ။

alignnone size-medium wp-image-62249
(၅) အဝလွန်ခြင်း

အဝလွန်တဲ့မျိုးရိုးဗီဇ (FTO Gene) နှစ်စုံကို သယ်လာတဲ့သူတွေက မသယ်လာသူတွေထပ် အဝလွန်နိုင်တဲ့အခွင့်အလမ်းကို ၇၀ ရာခိုင်နှုန်း မြင့်မားစေပါတယ်။ တခြားလေ့လာမှုအရ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ မိခင်တွေကမွေးလာတဲ့ မိန်းကလေးတွေက အဝလွန်နိုင်ခြေ လေးရာခိုင်နှုန်းခန့်ရှိနေပြီး ပုံမှန်ထက်ပိုဝတဲ့ မိခင်တွေကမွေးတဲ့ သမီးတွေကတော့ အဝလွန်နိုင်ခြေ ၄၁ ရာခိုင်နှုန်းရှိပါတယ်။ ပန်းသီးပုံသဏ္ဍာန် ခန္ဓာကိုယ်ပိုင်ရှင်တွေက သစ်တော်သီးပုံသဏ္ဍာန်နဲ့ ပိန်သွယ်တဲ့ ခန္ဓာကိုယ်တွေထက် မျိုးရိုးဗီဇနဲ့ ပိုမိုဆက်နွှယ်မှုရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၂၀ဝ၉ ခုနှစ်လေ့လာမှုအရ မိခင်နဲ့သမီးကြား အဝလွန်မှု ဆက်နွှယ်ချက်နဲ့ ဖခင်နဲ့သား အဝလွန်မှု ဆက်နွှယ်ချက်တို့ကို လေ့လာခဲ့တဲ့အခါ လိင်အမျိုးအစားကြား ဆက်နွှယ်မှုမရှိတာကို တွေ့ရပါတယ်။ အဓိကကတော့ ကြီးပြင်းလာပုံနဲ့ပဲဆိုင်ပြီး အစားအသောက်ကို ဝစေတဲ့ ပုံစံမျိုးစားရင်း ကြီးပြင်းလာရင် ဝမှာပဲလို့သာ ဆိုခဲ့ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ မျိုးရိုးရှိရှိ/ မရှိရှိ ကယ်လိုရီရယူမှုကို သတိထားတာ၊ အဆီဓာတ်ရယူမှုကို လျှော့ချတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့ တက်ကြွတဲ့ နေထိုင်မှုပုံစံနဲ့နေထိုင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။

alignnone size-medium wp-image-62250
(၆) ရူမတွိုက်အဆစ်ရောင်နာ

သင့်မိခင်မှာ ရူမတွိုက်အဆစ်ရောင်နာရှိရင် သင့်မှာလည်း ၅၀ ရာခိုင်နှုန်းခန့် ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်က ခန္ဓာကိုယ်ကို တိုက်တဲ့အခါမှာ ဒီအခြေအနေကဖြစ်ပေါ်တာကြောင့် အဆစ်တွေနဲ့ အရိုးနုတွေရဲ ့ ရောင်ရမ်းမှုကို ဖြစ်စေတာပါ။ ဒါပေမဲ့ မျိုးရိုးရှိတိုင်း ဒီရောဂါဖြစ်လာမယ်လို့ မပြောနိုင်ပါဘူး။ ဆေးလိပ်သောက်တဲ့သူ၊ ဝိုင်နီနဲ့ ကော်ဖီသောက်သုံးမှုများသူတွေမှာ ရူမတွိုက်အဆစ်ရောင်နာ ဖြစ်နိုင်ခြေပိုများတာကို တွေ ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

alignnone size-medium wp-image-62251
(၇) သွေးဆုံးချိန်စောခြင်း

သင့်မိခင်က စောစောသွေးဆုံးထားသူဖြစ်ရင် သင့်မှာလည်း စောစောသွေးဆုံးနိုင်ခြေ ၇၀-၈၅ ရာခိုင်နှုန်း ရှိပါတယ်။ Exeter တက္ကသိုလ်ရဲ ့ လေ့လာမှုတစ်ရပ်အရ သွေးဆုံးနိုင်တဲ့ ပျမ်းမျှအသက်အရွယ်က ၅၁ နှစ်ဖြစ်ပြီး အမျိုးသမီး ၂၀ မှာ တစ်ဦးနှုန်းဟာ အသက် ၄၆ နှစ်မတိုင်ခင် သွေးဆုံးတဲ့ဖြစ်စဉ်ကို စတတ်ကြောင်း သိရပါတယ်။ ညီအစ်မတွေကို လေ့လာမှုအရ သွေးဆုံးတဲ့အသက်အရွယ်က မျိုးရိုးလိုက်နိုင်ခြေ ၈၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ စောစောသွေးဆုံးတာမျိုး မဖြစ်အောင် ကာကွယ်လို့မရပါဘူး။

alignnone size-medium wp-image-62254
(၈) အယ်လ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါကလည်း မျိုးရိုးလိုက်နိုင်ခြေရှိပါတယ်။ သင့်မိခင်မှာ စောစောစီးစီးအချိန် အယ်လ်ဇိုင်းမားရောဂါရှိရင် သင့်မှာလည်း ရောဂါရနိုင်ခြေ ၃၀-၅၀ ရာခိုင်နှုန်း မြင့်မားနေပါတယ်။ အယ်ဇိုင်းမားရောဂါ မျိုးရိုးရှိတာကြောင့် သူငယ်ပြန်မှတ်ဉာဏ်ချို ့တဲ့ရောဂါ ဖြစ်နိုင်ခြေလည်း ၃-၅ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၃၅ နှစ်ကျော်ပြီးချိန်မှာ သွေးဖိအားထိန်းတာ၊ ကိုလက်စထရောအဆင့်ကို ပုံမှန်အတိုင်းပဲထိန်းတာနဲ့ ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ရှိတာတွေက Dementia ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၉) နှလုံးရောဂါ

သင့်မိခင်ဟာ သွေးကြောပိတ်ဆို့တာကြောင့် ရင်ဘတ်အောင့်တာနဲ့ နှလုံးရောဂါထတာတွေကို ခံစားရဖူးရင် သင့်မှာလည်း နှလုံးရောဂါရနိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ ့ လေ့လာမှုအရ မိခင်က လေဖြတ်ဖူးရင် သမီးမှာ လေဖြတ်နိုင်ခြေများကြောင်း သိရပါတယ်။ အကြောင်းကတော့ မျိုးရိုးလိုက်တဲ့ သွေးကြောရောဂါတွေက ဦးနှောက်က သွေးလွှတ်ကြောကိုသာမက နှလုံးက သွေးလွှတ်ကြောကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ပြည့်ဝဆီနဲ့ ဆားပါဝင်မှုနည်းတဲ့ အစာစားတာ၊ ဆေးလိပ်မသောက်တာ၊ အယ်လ်ကိုဟောကို မသောက်ဘဲမနေနိုင်ရင် တတ်နိုင်သမျှ ကန့်သတ်သောက်တာနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်နေအောင်ထိန်းတာ စတဲ့ အချက်တွေက နှလုံးရောဂါနဲ့ လေဖြတ်တာကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top