Healthy Life Ad
Q & A

နားဆေးတာက လုပ်သင့်တဲ့အလေ့အထလား . . .

—–၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး) ၊—–

Q. ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျှော်တဲ့အခါ နားဆေးပေးလေ့ရှိပါတယ်။ နားဆေးတာက လုပ်သင့်တဲ့ အလေ့အထလားဆိုတာ သိချင်ပါတယ်။

A. အဲဒါကတော့ မကောင်းတဲ့ အလေ့အထလေးတစ်ခုပဲ။ ဆရာတို့ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်တွေကတော့ နားဆေးတဲ့အကျင့်ကို မလုပ်တာကောင်းတယ်လို့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နားဆေးရင်း နားစည်ကိုထိုးမိပြီး ပေါက်သွားတတ်ပါတယ်။ မသန့်ရှင်းတဲ့ရေ၊ မသန့်ရှင်းတဲ့ ဂွမ်းဖတ်တို့နဲ့ ဆေးမိထိုး/မိရင် မှိုတက်၊ မှိုစွဲတဲ့ရောဂါ ဖြစ်တတ်တယ်။ အဲဒါကြောင့် နားဆေးတာကို မလုပ်သင့်တဲ့ အပြုအမူလို့ သတ်မှတ်ထားပါတယ်။

Most Popular

Healthy Life Ad
To Top