Healthy Life Ad
Life Style

အရေပြားအမာရွတ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ

———၊ ဇွန် ၊———

အမာရွတ်ဆိုတာ အနာကျက်ဖြစ်စဉ် အစိတ်အပိုင်းတစ်ရပ်ပါ။ ဒါပေမဲ့ အရေပြားမှာ၊ အထူးသဖြင့် မျက်နှာမှာအမာရွတ်ဖြစ်ပေါ်နေရင် ကြည့်ရဆိုးစေပါတယ်။

အမာရွတ်အမျိုးအစား သုံးမျိူး

အရေပြားက ဒဏ်ရာရတဲ့အခါ ကော်လာဂျင်ထွက်ရှိလာပါတယ်။ ဒါပေမဲ့ အနာကျက်တဲ့ တစ်သျှူးတွေဟာ ပုံမှန်အရေပြားနဲ့ မတူဘဲ ကွဲပြားနေတတ်ပါတယ်။ အမာရွတ်ပုံစံ၊ အရွယ်အစားနဲ့ အတိမ်အနက်ပေါ်မူတည်ပြီး အမျိုးအစားသုံးမျိုး ရှိပါတယ်။

(၁) ပုံမှန်အမာရွတ်

သေးငယ်ပြီး ပြားတဲ့အမာရွတ် အမျိုးအစားပါ။

(၂) ကြီးမားသော အမာရွတ်

နီပြီး ထူကာဖောင်းနေတတ်ပါတယ်။

(၃) ကီးလွိုက်အမာရွတ်

ဖောင်းပြီး အရောင်ရင့်တာ ဒါမှမဟုတ် နီမြန်းတာတို့ ဖြစ်နေတတ်သလို ဒဏ်ရာတစ်ခုလို ဖြစ်နေတတ်ပါတယ်။

အမာရွတ်လျော့ပါးစေရန်

လိုအပ်လျှင် ချုပ်ပါ

ပြတ်ရှရာကကြီးပြီး နက်နေရင် ဆေးပညာရှင်ရဲ ့ အကူအညီနဲ့ ချုပ်လိုက်တာက အနာမြန်မြန်ကျက်စေပါတယ်။ ဖြစ်နိုင်ရင် ဒဏ်ရာက လတ်ဆတ်နေတုန်း ချုပ်လိုက်တာ အကောင်းဆုံးပါ။ ဒါမှသာ ပိုးဝင်မှုကင်းပြီး မြန်မြန်အနာကျက်ကာ အမာရွတ်ထင်နိုင်ခြေ လျော့ပါးစေမှာ ဖြစ်ပါတယ်။

ဒဏ်ရာစိုစွတ်နေပါစေ

ဒဏ်ရာကို ရေနံဂျယ်လီသုတ်လိမ်းပြီး မကပ်တဲ့ပတ်တီးစည်းပေးပါ။ ဒါမှသာ အနာကျက်နှုန်း မြန်စေပြီး အမာရွတ်ထင်နိုင်ခြေ လျော့ကျမှာပါ။

အမာရွတ်ကို နှိပ်နယ်ပါ

အမာရွတ်ကို ဗီတာမင်အီးလိမ်းပြီး နေ့တိုင်းနှိပ်နယ်ပေးရင် အမာရွတ်ထင်ရှားမှုက သိသိသာသာ လျော့ပါသွားမှာပါ။

နေရောင်ရှောင်ပါ

အမာရွတ်တွေကို နေရောင်ခြည်ဒဏ်မကျရောက်အောင် ကာကွယ်ပေးတာကြောင့် အမာရွတ်အရောင်ရင့်တာမျိုး မဖြစ်စေပါဘူး။

သဘာဝအတိုင်း အနာကျက်ပါစေ

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ပါတဲ့ ဆေးလိမ်းတာကြောင့် ဒဏ်ရာရတဲ့ အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အနာကျက်တဲ့ဖြစ်စဉ်ကို နှေးစေပါတယ်။ အနာဖေးတွေကို မခွာပါနဲ့။ အနာဖေးတွေကို ခွာတာက အနာကျက်နှုန်းနှေးပြီး အမာရွတ်ထင်နိုင်ခြေ များစေပါတယ်။

စိတ်ရှည်ပါ

အနာတစ်ခုပျောက်ဖို့နဲ့ အမာရွတ်လုံးဝလျော့သွားဖို့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်သင့်ပါတယ်။ စိတ်ရှည်ရှည်ထားပါ။

အမာရွတ်ပျောက်ဆေး လိမ်းပါ

သင့်မျက်နှာက အမာရွတ်ကြောင့် အလှပျက်နေတယ်လို့ထင်ရင် အမာရွတ်ပျောက်ဆေး လိမ်းပေးပါ။

(Ref;everydayhealth)

Most Popular

Healthy Life Ad
To Top