Healthy Life Ad
Health Tips

သွားကိုက်ခြင်း (Toothache)

———၊ ဒေါက်တာတင့်ဆွေ ၊———

Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွားဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းက အသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလည်း သွားကိုက်မယ်။ သွားမှာမဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။

Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာ ပါနေတဲ့ သကြားဓာတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီး ရီးယားကနေ အက်စစ်ဓာတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓာတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။

သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပျော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပျော့လွှာတစ်ရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။ သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖာပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပြော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့တစ်ရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေ ရောင်လာပြီး ဘေးကိုပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။

Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကိုထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်)ခေါ်တာဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။ Rinse with warm salt water ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုတ်ကျင်းပါ။ ဆားလက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော် ရေနွေးတဖန်ခွက်ထဲရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလည်းလုပ်နိုင်တယ်။ ရေခဲတုံးလဲငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။

Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုးသောက်ပါ။ CodeineeJY Hydrocodone Oxycodone ဆေးတွေက ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ အပြင်းစားအနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။ Eugenol (Cloves oil) လေးညှင်းဆီသုံးပါ။ ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ Benzocaine ထုံဆေးလည်း သုံးနိုင်တယ်။ Tobacco/Smoking ဆေးလိပ်မသောက်ပါ နဲ့။ (နီကိုတင်း)က နာတာကို ပိုဆိုးစေတယ်။ Massage နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။Listerine ပါးစပ်ဆေးရည် ကောင်းပါတယ်။

သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေ –

(၁) Erythromycin (အရစ်သရိုမိုင်စင်) = တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။

(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်)

– Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။

– သွားပိုးဝင်၍ ပြည်တည်ခြင်း၊ 3 Gm TDS

– သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။

Most Popular

Healthy Life Ad
To Top