(၁) အာလူး
အာလူးမှာ သဘာဝကြေးချွတ်အစွမ်းရှိတာကြောင့် အသားအရေကို ဖြူစင်စေပြီး အမည်းစက်တွေကို ဖျော့တော့စေပါမယ်။ ကြိတ်ချေထားတဲ့ အာလူးအရည်ကို အမည်းစက်တွေပေါ်မှာ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
(၂) ကြက်သွန်နီ
ကြက်သွန်နီမှာပါတဲ့ အက်စစ်က သဘာဝလင်းလက်စေတဲ့ အစွမ်းရှိပြီး အမည်းစက်တွေကို ဖျော့တော့စေပါမယ်။ ကြက်သွန်နီအရည်ကို အမည်းစက်တွေပေါ်မှာ တိုက်ရိုက်သုတ်လိမ်းပေးပါ။
(၃) သံပရာသီး
သံပရာရည်ကို ဂွမ်းစဆွတ်ပြီး အမည်းစက်ပေါ် သုတ်လိမ်းပေးပါ။ တစ်ညတာထားပြီးမှ မျက်နှာသစ်လိုက်ပါ။
(၄) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို အမည်းစက်ပေါ် သုတ်လိမ်းပေးပါ။ တစ်ညတာထားပြီးမှ ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။
(၅) ဒိန်ချဉ်
ဒိန်ချဉ်အလွတ် ထမင်းစားဇွန်းနှစ်ဇွန်းယူပြီး သံပရာရည် လက်ဖက်စားဇွန်းတစ်ဇွန်း ရောထည့်ကာ အမည်းစက်တွေပေါ် တိုက်ရိုက်လိမ်းပေးပါ။
(၆) ချိုင်းမည်းခြင်းအတွက် သံပရာသီး
ချိုင်းအရေပြားမည်းတာနဲ့ အရေပြားဆဲလ်သေတွေ ရှိတာတို့ သက်သာစေဖို့ သံပရာရည်ကို မိနစ်အနည်းငယ်ကြာ သုတ်လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာထားပြီးမှ ရေနဲ့သေချာ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။