Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ၁၁ ချက်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ပိုပြီး ယုံကြည်မှုရှိတဲ့သူ ဖြစ်လာရင် စိတ်ကူးထားတဲ့ အလုပ်အကိုင်ရပြီး ပိုကောင်းတဲ့ဘဝမှာ နေနိုင်မယ်လို့ သင်တွေးမိပါသလား။ ဘယ်သူမှတော့ ယုံကြည်မှုရှိရှိ မွေးဖွားလာတာ မဟုတ်ပါဘူး။ ယုံကြည်မှုရှိအောင် ဖြည်းဖြည်းချင်း တည်ဆောက်ယူမှဖြစ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက အလွန်အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်တာကြောင့် စိတ်ပညာရှင်တွေက အောက်ပါအချက်တွေက အလွန်အသုံးဝင်တယ်လို့ ဆိုထားပါတယ်။

alignnone size-medium wp-image-60380
(၁) ချီးကျူးစကားကို လက်ခံနိုင်ဖို့ လေ့လာပါ

ချီးကျူးစကားပြောခံရတဲ့အခါ လူတိုင်းက မတူညီတဲ့နည်းတွေနဲ့ တုံ့ပြန်တတ်ကြပါတယ်။ တချို့လူတွေက ရှက်ရွံ့တတ်ပြီး ယုံကြည်မှုမရှိသူအတော်များများက မဟုတ်ကြောင်း ငြင်းဆန်တတ်ကြပါတယ်။ ဒါက သင့်ကို ချီးကျူးစကားပြောသူရဲ ့ စကားကို အလေးမထားရာ ရောက်ပါတယ်။ ချီးကျူးစကားကို တုံ့ပြန်သင့်တဲ့ အကောင်းဆုံးနည်းလမ်းက ရိုးသားစွာပြုံးပြီး “ကျေးဇူးတင်ပါတယ်”လို့ ပြန်ပြောဖို့ပါပဲ။ အဲဒီလူက သင့်ကို အပေါ်ယံပြော ပြောတာလားလို့ ဆန်းစစ်မနေပါနဲ့။ ယုံကြည်မှုရှိရှိနဲ့ နေလိုက်တာက တခြားလူတွေအမြင်မှာ ပိုဆွဲဆောင်မှုရှိစေပါတယ်။

alignnone size-medium wp-image-60381
(၂) စင်းလုံးချောဖြစ်ဖို့ မကြိုးစားသင့်ပါ

သင့်မှာ အလွန်အလုပ်များနေတယ်ဆိုပါစို့၊ ဖုန်းခေါ်ရမှာက အယောက် ၂၀ လောက်၊ အစည်းအဝေးက ၁၀ ခုလောက်၊ အီးမေးတွေကိုလည်းဖတ်ပြီး ပြန်ရဦးမှာ . . ဒါတွေကို သေချာဆုံးဖြတ်ချက်ချမှတ်ပြီး လုပ်နိုင်ပါ့မလားလို့ စိတ်ရှုပ်နေရင် ဘယ်လိုမှ ရလဒ်ကောင်းထွက်လာမှာ မဟုတ်ပါဘူး။ လုပ်ရမယ့်အလုပ်တွေရဲ့ ပန်းတိုင်ကို ရောက်ဖို့ရာ ပူပင်သောကမထားဘဲ အောင်မြင်မှုကိုပဲ ဦးတည်သွားသင့်ပါတယ်။ အောင်မြင်တဲ့သူတွေက တချို ့အမှားတွေ၊ ဆုံးဖြတ်ချက်လွဲတာကြောင့် နောင်တရတာ တွေရှိခဲ့ဖူးတာပါပဲ။ အဲဒီအမှားတွေကနေ သင်ခန်းစာရယူပြီး အောင်မြင်မှုရလဒ်ကို ခူးဆွတ်နိုင်ခဲ့တာပါ။

alignnone size-medium wp-image-60382
(၃) စကားပြောချိန်မှာ မျက်လုံးချင်းဆုံကြည့်ဖို့ ကြိုးစားပါ

သူတို့မျက်စိကို ကြည့်တာကြောင့် လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို ဆန်းစစ်သိရှိနိုင်ပါတယ်။ ကလေးတွေက အသက် ၉ လအရွယ်ကတည်းက စိတ်ခံစားမှုကို နားလည်နိုင်အောင် သင်ယူတဲ့အနေနဲ့ သူတို့မိဘတွေရဲ့ မျက်လုံးကို ဆုံကြည့်နေပါပြီ။ လိမ်ညာတတ်သူတွေက သူတို့လိမ်ညာတာကို ဖုံးကွယ်ဖို့ အကြည့်ကို ရှောင်လွှဲတတ်ပါတယ်။ တချို့လူတွေက မျက်လုံးချင်းဆုံပြီး စကားပြောဖို့ ရှောင်နေတဲ့အခါ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရာ ရောက်ပါတယ်။ လူအချင်းချင်း မျက်လုံးချင်းဆုံကြည့်တာက ယုံကြည်မှုကို ရရှိစေတဲ့အပြင် ကိုယ်ရိုးသားမှုရှိကြောင်း သက်သေပြရာလည်း ရောက်ပါတယ်။

alignnone size-medium wp-image-60383
(၄) ခပ်မတ်မတ်အနေအထားနဲ့ လမ်းလျှောက်ပါ

ရင်ကိုဖွင့်တာ၊ ကျောပြင်ကို မတ်မတ်ထားတာနဲ့ ယုံကြည်မှုရှိရှိ လမ်းလျှောက်တာတွေက ယုံကြည်မှုရှိသူတစ်ဦးရဲ ့ လက္ခဏာတွေပါ။ ဒါကြောင့် ဦးခေါင်းကိုမော့ပြီး ကျောပြင်ကို ဖြောင့်ဖြောင့်တန်းတန်းနေကာ ရှေ့ကိုကြည့်လိုက်ပါ။ သင့်အနီးအနားက လူတွေက သင့်ကို သတိထားမိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ဦးရဲ့ ခန္ဓာကိုယ်ဘာသာစကားဟာ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေတယ်လို့ လေ့လာမှုကလည်း ဆိုထားပါတယ်။

alignnone size-medium wp-image-60384
(၅) အဆိုးမြင်အတွေးတွေကို ဖယ်ထုတ်လိုက်ပါ

ကိုယ့်စိတ်ထဲက အတွေးတွေကို ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် သတိနဲ့ထိန်းနိုင်ရင် ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။ သင့်အတွေးတွေကို တစ်ပတ်လောက် ဆန်းစစ်ကြည့်ပြီး ယုံကြည်မှုအားနည်းစေတဲ့ အရာတိုင်းကို ချရေးကြည့်ပါ။ ပြီးရင် “ငါ့မှာ စိတ်မလုံမခြုံဖြစ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်များ ရှိသလား”လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ကိုယ့်အတွေးတွေကို ဆန်းစစ်အကဲခတ်ပြီးချိန်မှာ ဘာမှ အရေးမပါတာကို သဘောပေါက်လာပါလိမ့်မယ်။ အဆိုးမြင်အတွေးတွေကို ဆန်းစစ်ပြီးချိန်မှာ အပြုသဘောဆောင်တဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်နိုင်မှုတွေကို စာရင်းပြုစုပေးပါ။ သင့်စိတ်ထဲက အဆိုးမြင် အတွေးတွေရှိနေချိန်တိုင်း ပြန်ဆန်းစစ်ပေးပါ။

alignnone size-medium wp-image-60385
(၆) မကောင်းတဲ့အတွေးတွေကို ရပ်လိုက်ပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတာကို ရပ်လိုက်တဲ့ အခိုက်အတန့်ကို သတိထားပါ။ မကောင်းတဲ့ အတွေးတွေကို ရပ်တန့်နိုင်လိုက်ရင် မကြာခင်မှာ စိတ်ခံစားမှု ပိုကောင်းနေတာကို သတိပြုမိမှာပါ။ မကောင်းတဲ့ အတွေးတွေကို လျစ်လျူရှုနိုင်လိုက်ပြီဆိုရင် နေ့တိုင်း သာယာပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-60386
(၇) စွမ်းဆောင်နိုင်မှုကို မှတ်သားထားပါ

နေ့တိုင်း ကိုယ့်စွမ်းဆောင်နိုင်မှုတွေကို ဒိုင်ယာရီထဲမှာ ချရေးလိုက်ရင် အသစ်တွေကို ပိုရေးနိုင်အောင် ကြိုးစားချင်လာမှာပါ။ စွမ်းဆောင်နိုင်မှု ခပ်ကြီးကြီးတွေကိုပဲ ရေးရမှာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲသေးငယ်ပါစေ၊ ချရေးပါ။ ဥပမာ-“မနက်စာအတွက် ခေါက်ဆွဲသုပ်လုပ်ခဲ့တယ်”ဆိုတာမျိုးက စလို့ပေါ့။ ဒီစွမ်းဆောင်နိုင်မှုတွေက သင့်ကို ယုံကြည်မှုရှိရှိ နေနိုင်အောင် ပံ့ပိုးပေးပါတယ်။

alignnone size-medium wp-image-60387
(၈) ငါဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားပါ

“ဒီအခြေအနေမှာ ပါဝင်လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလား” ဒါက ကိုယ့်ကိုယ်ကိုယ် အချိန်တိုင်း မေးသင့်တဲ့ မေးခွန်းပါ။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်နေချိန်မှာ ဆိုရင်ပေါ့။ သင်က အပြင်ထွက်ပြီး လမ်းမှာ ဆွဲဆောင်မှုအရှိဆုံးသူကို စကားပြောဖို့ မလိုပါဘူး။ ကိုယ်ကျင်လည်ရတဲ့ နေရာမှာ ယုံကြည်မှုရှိရှိနဲ့ ပါဝင်ဆွေးနွေးတာ၊ ဦးဆောင်ဆွေးနွေးတာတွေကို လုပ်ဆောင်ပေးရုံနဲ့ အဆင်ပြေပါတယ်။

alignnone size-medium wp-image-60388
(၉) သူစိမ်းများကို စကားပြောပါ

မိတ်ဆွေတွေရဲ ့ လမ်းသဘင်တွေသွားပြီး ယုံကြည်မှုရှိသူတစ်ဦးလို ပါဝင်နေထိုင်ဖို့ ကြိုးစားပါ။ လူစိမ်းတွေရှိတဲ့အချိန်မှာ ငေးမောနေတာ၊ တစ်ယောက်တည်း အထီးကျန်နေတာတို့ မလုပ်သင့်ပါဘူး။ နေ့စဉ်ဘဝမှာ သူစိမ်းတွေနဲ့ စကားစမြည်ပြောဖို့ ကြိုစားပါ။ အရောင်းစာရေး၊ အစောင့်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောပါ။
alignnone size-medium wp-image-60389
သူတို့က မဖော်ရွေလည်း သက်သောင့်သက်သာရှိရှိသာ နေပါ။

alignnone size-medium wp-image-60390
(၁၀) အကူအညီတောင်းပါ

ကိုယ်ကအရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတာမျိုး လူတိုင်းဖြစ်လိုကြပါတယ်။ သင့်အနေနဲ့ တစ်ယောက်တည်း မနိုင်မနင်းဖြစ်နေရင် တခြားသူကို အကူအညီတောင်းပါ၊ အကူအညီပေးရသူကလည်း သူ့ကိုယ်သူ အရေးပါတယ်၊ အသုံးဝင်တယ်ဆိုတာဖြစ်ပြီး စိတ်မလုံခြုံတာ၊ အထီးကျန်တာ လျော့ပါးသွားတတ်ပါတယ်။ ဒါက သင့်ကို ယုံကြည်မှုလည်း ရှိစေပါတယ်။

alignnone size-medium wp-image-60391
(၁၁) လူမှုကွန်ရက်မှာ အချိန်မဖြုန်းပါနဲ့

သင်သိတဲ့လူတွေရဲ ့ ပုံတွေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီအကျင့်က ကိုယ့်ကိုယ်ကိုယ် လေးစားအထင်ကြီးစိတ် ထိခိုက်စေပါတယ်။ လူမှုကွန်ရက်မှာ လူတွေက အလှဆုံးပုံတွေပဲ တင်ကြတာပါ။ အိမ်မှာ ပုံမှန်အဝတ်အစားနဲ့ တောက်တိုမယ်ရအလုပ်လုပ်နေတဲ့ပုံ တင်တာရှားပါတယ်။

Most Popular

Healthy Life Ad
To Top