Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်းနှင့် အသားအရေ

ဆေးလိပ်သောက်တာကြောင့် အရေပြားဆီကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ကျဉ်းမြောင်းစေပါတယ်။ ကြာလာတဲ့အခါမှာ အရေပြားဟာ အာဟာရနဲ့ အောက်ဆီဂျင်ဓာတ်တွေ အလုံအလောက် မရတော့ပါဘူး။ ဒါကြောင့် ဆေးလိပ်သောက်တာ များလာတဲ့အခါ အသားအရေက ပြာနှမ်းနှမ်းဖြစ်တာ၊ အရွယ်မတိုင်ခင် အရေးကြောင်းထင်လွယ်တာတွေ ဖြစ်လာပါတယ်။

ပါးစပ်မှာတေ့ပြီး ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းတစ်ဝိုက်က ကြွက်သားတွေထိခိုက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်းတွေ သိသိသာသာ ဖြစ်စေပါတယ်။ သွားအရောင်တွေကဝါလာပြီး သွားတွေပါ ထိခိုက်စေနိုင်ပါတယ်။

ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်စေတာကြောင့် အရေပြားပျော့တွဲလာပါတယ်။

မျက်နှာအသားအရေပေါ်မှာ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတာကြောင့် အမည်းစက်တွေ၊ အမည်းကွက်တွေ ပေါ်တတ်ပါတယ်။ တကယ်လို့ ဆေးလိပ်သောက်ပါသောက်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရပါက အသားအရေက ပိုပြီး သိသိသာသာ ပျက်စီးထိခိုက်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top