Healthy Life Ad
Q & A

အူလမ်းကြောင်းအာရုံကြော အားနည်းတဲ့ရောဂါဆိုတာ ရှိပါသလား . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. အူလမ်းကြောင်းအာရုံကြော အားနည်းတဲ့ရောဂါဆိုတာ ရှိသလားရှင်။ တခါမှမကြားဖူးလို့ပါ။ ဘယ်လို ရောဂါမျိုးလဲ သိချင်ပါတယ်။
Yu (FB)

A. အူလမ်းကြောင်းအာရုံကြော အားနည်းတယ်ဆိုတာတော့ မရှိပါဘူး။ အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါဆိုတာတော့ ရှိပါတယ်။ အူလှုပ်ရှားမှုကို ထိန်းသိမ်းတာကတော့ စောစောကပြောတဲ့ အာရုံကြောတွေပါ။ အာရုံကြောထဲမှာမှ စိတ်နဲ့ထိန်းချုပ်လို့ မရတဲ့ Autonomic Nervous System က အူလှုပ်ရှားမှုတွေကို အဓိက ထိန်းချုပ်ပေးတာပေါ့။ ဒါ အားနည်းသွားတာတော့ မဟုတ်ဘူး။ ချို့ယွင်းမှုရှိတဲ့အတွက် အူလှုပ်ရှားမှုမမှန်တဲ့ ရောဂါဆိုတာ ရှိပါတယ်။ အားနည်းတယ်လို့တော့ မသုံးပါဘူး။ အူလှုပ်ရှားမှု မမှန်တဲ့အတွက် တစ်ခါတလေ တစ်နေ့တည်းနဲ့ ဝမ်းသုံး- လေးခါသွားတယ်၊ တစ်ခါတလေ ဝမ်းချုပ်တယ်။ ရောဂါရှာတော့လည်း အကြောင်းရင်း မရှိဘူး။ ဖြစ်ရတာက အူလှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြောမူမမှန်လို့ ဖြစ်ရတာပါ။ အားနည်းတယ်လို့တော့ သုံးလေ့မရှိပါဘူး။

Most Popular

Healthy Life Ad
To Top