Healthy Life Ad
Health Tips

စိတ်ခံစားမှု ကောင်းစေတဲ့ အောက်ဆီတိုစင်ဓာတ် အကြောင်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အောက်ဆီတိုစင်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို တုံ့ပြန်တဲ့အခါ ထွက်လာတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မိခင်က ရင်သွေးငယ်ကို ပွေ့ဖက်တာ/မိခင်နို့ချိုတိုက်ကျွေးတာ၊ ကလေးမွေးတာ၊ အိမ်ထောင်သည်တွေ လိင်ဆက်ဆံတာ စတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ထွက်ရှိတတ်တဲ့ ဓာတ်ပဲ ဖြစ်ပါတယ်။

အောက်ဆီတိုစင်ဓာတ်ဟာ ကြွက်သားတွေကို ကျန်းမာအောင် တည်ဆောက်ပေးဖို့နဲ့ ထိခိုက်နေတဲ့ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးဖို့ မရှိမဖြစ် အရေးပါပါတယ်။

အောက်စီတိုစင်ဟော်မုန်းဟာ အသက်ကြီးသူတွေမှာ ကြွက်သားအားနည်းယုတ်လျော့မှု ဖြစ်စဉ်ကို နှေးကွေးစေဖို့ တစ်နေ့မှာ အသုံးဝင်လာနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

အောက်စီတိုစင်ဟော်မုန်းကို ထိုးသွင်းတဲ့အခါ ကင်ဆာကာကွယ်တဲ့အပြင် အသက်ကြီးသူတွေမှာဖြစ်တဲ့ ကြွက်သားထိခိုက်ဒဏ်ရာကို မြန်မြန်ဆန်ဆန် ပြန်လည်သက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။

ကလေးတွေမှာ အောက်ဆီတိုစင် ဟော်မုန်းအဆင့်က မြင့်မားပါတယ်။ ဒါပေမဲ့ ဒီဟော်မုန်းအဆင့် ဘယ်အချိန်မှာ စတင်လျော့ကျသွားတယ်ဆိုတာ မသိကြသေးသလို တစ်သျှူးတွေ ကျန်းမာဖို့အတွက် အောက်ဆီတိုစင် ဘယ်လောက်များများ လိုအပ်တယ်ဆိုတာလည်း မသိကြသေးပါဘူး။ အရင်လေ့လာမှုတစ်ခုအရ အောက်ဆီတိုစင် ထိုးသွင်းလိုက်တဲ့အခါ ကြွက်တွေမှာ အရိုးပါး/အရိုးပွ ရောဂါဖြစ်စဉ် ဆက်လက်မဖွံ့ဖြိုးအောင် ကာကွယ်ဟန့်တားနိုင်တယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top