Healthy Life Ad
Q & A

မက်ဖော်မင်သောက်ရင် ကျောက်ကပ်ထိပါသလား . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဆီးချိုရှိလို့ မက်ဖော်မင်ကို သောက်နေရပါတယ်။ အဲဒါ သူများတွေကပြောကြတာ မက်ဖော်မင်သောက်ရင် ကျောက်ကပ်ထိတယ်ဆိုလို့ ရပ်လိုက်ရမှာလား။
(သန်လျင်သဘာဝတရားရိပ်သာမှ မေးမြန်းသူတစ်ဦး)

A. အရင်ဆုံးပြောချင်တာက ဆီးချိုသမားအနေနဲ့ အစားအသောက်ကို ထိန်းရပါမယ်၊ အချိုမစားသင့်ပါဘူး။ နံပါတ်နှစ်ပြောချင်တာက ဆီးချိုသမားတွေအတွက် ပေါ်လာတဲ့ မက်ဖော်မင်ဆေးက နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အဲဒီတော့ စိတ်ချလက်ချ သုံးစွဲလို့ရပါတယ်။ မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တာ မဟုတ်ပါဘူး။ ဆီးချိုကြောင့် ကျောက်ကပ်အားနည်း ထိခိုက်နေသူတွေမှာပဲ မက်ဖော်မင်မသောက်ရတာ ဖြစ်ပါတယ်။ ကျောက်ကပ်အားနည်းနေပြီ၊ မက်ဖော်မင်မသောက်နဲ့တော့လို့ ဆရာဝန်က ပြောတာကို လူနာတချို့က မက်ဖော်မင်ကြောင့် ကျောက်ကပ်ထိတယ်လို့ ထင်ကြပါတယ်။ လုံးဝမဟုတ်ပါဘူး။ မက်ဖော်မင်ကြောင့် ကျောက်ကပ်ထိခိုက်တာ မဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top