Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ဖိနပ်အမျိုးအစားက ပြောပြနေသည့် သင့်အကြောင်း

——၊ ကိုထက် ၊—–

(၁)ကနေ (၇) အထိ ဖိနပ်အမျိုးအစားတွေထဲက ကိုယ်အကြိုက်နှစ်သက်ဆုံး ဖိနပ်အမျိုးအစားကို ရွေးလိုက်ပါ။ အဲဒီဖိနပ်အမျိုးအစားကိုကြည့်ပြီး ကိုယ်ကဘယ်လို စိတ်နေသဘောထား ရှိလဲဆိုတာ ဖတ်ကြည့်ရအောင်။

(၁) ခြေညှပ်ဖိနပ်ပါးအကြိုက်ဆုံးဆိုသူတွေက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေပါ

မိန်းကလေးအများစုကတော့ ဖိနပ်ပါးစီးရတာကို သိပ်ပြီးသဘောမကျတတ်ကြပါဘူး။ ဒါပေမယ့် ဒီလိုခြေညှပ်ဖိနပ်အပါးလေးတွေကိုပဲ စီးရတာကို နှစ်သက်တယ်ဆိုသူတွေဟာ အများအားဖြင့် ရိုးရိုးရှင်းရှင်းဘဝကို ပိုမိုခုံမင်တတ်သူတွေပဲ ဖြစ်ကြပါတယ်။ အသုံးအဖြုန်းနည်းသူတွေဖြစ်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိတတ်ကြပါတယ်။ အပေါင်းအသင်း ဝင်ဆံ့သူတွေလည်း ဖြစ်ကြပါတယ်။ မာနကင်းပြီး ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေလည်း ဖြစ်တတ်ကြပါတယ်။ ခရီးသွားရတာကို ဝါသနာပါပြီး အမြဲလိုလို ရွှင်လန်းတတြွ်ကစွာ နေတတ်သူပါ။

(၂) ကြိုးသိုင်းဖိနပ်အကြိုက်ဆုံးဆိုသူတွေက ပတ်ဝန်းကျင်အပေါ် သံယောဇဉ်ကြီးသူတွေပါ

ကြိုးသိုင်းဖိနပ်ဒီဇိုင်းပုံစံတွေကို သဘောကျသူတွေဟာ ပေးကမ်းရက်ရောတတ်သူတွေ ဖြစ်ကြပါတယ်။ အတွေးအခေါ် အမြော်အမြင်ရှိပြီး စကားပြောချိုသာကြပါတယ်။ မိသားစုနဲ့ အပေါင်းအသင်းတွေအပေါ် သံယောဇဉ်ကြီးသူတွေ ဖြစ်ကြပါတယ်။ အခင်မင်ဆုံး သူငယ်ချင်းတွေနဲ့သာ ပိုမိုတွဲလေ့ရှိပြီး သူငယ်ချင်း အပေါင်းအသင်းသစ်တွေရဖို့ သိပ်ပြီးစိတ်မဝင်စားပါဘူး။ အနုအရွလေးတွေ ကဗျာဆန်ဆန်လေးတွေကို သဘောကျကြပါတယ်။

(၃) ဒေါက်မြင့်ဖိနပ်အကြိုက်ဆုံးဆိုသူတွေက ဘေးစကားတွေကို နားမယောင်တတ်သူတွေပါ

ဒေါက်မြင့်မြင့်နဲ့ ဖိနပ်တွေကို သဘောအကျဆုံးသူတွေဟာ လူကြားထဲမှာ ထင်ပေါ်နေတဲ့သူ ဖြစ်ချင်ကြသူတွေ များပါတယ်။ အောင်မြင်လိုစိတ်လည်း ပြင်းထန်တတ်ကြပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အလုပ်ကြိုးစားသူတွေလဲ ဖြစ်တတ်ကြပါတယ်။ လုပ်ရိုးလုပ်စဉ်တွေ၊ ထပ်တလဲလဲ လုပ်နေရတာတွေကို လုံးဝမလုပ်ချင်သူတွေပဲ ဖြစ်ကြပါတယ်။ တခြားသူတွေရဲ့ ဝေဖန်မှုတွေ၊ ဘေးစကားတွေကို အာရုံလုံးဝမထားပဲ ကိုယ့်လျှောက်တဲ့လမ်းကိုသာ သေသေချာချာ ပြတ်ပြတ်သားသား လျှောက်လှမ်းတတ်သူတွေ ဖြစ်ကြပါတယ်။

(၄) ဒေါက်နိမ့်ဖိနပ်အကြိုက်ဆုံးဆိုသူတွေက ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေပါ

အလယ်အလတ် အနေတော် ဒေါက်ဖိနပ်တွေကို စီးရတာကိုသာ နှစ်သက်သူတွေကတော့ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းလိုသူတွေ ဖြစ်ကြပါတယ်။ သွက်လက်ဖြတ်လက်ကြသူတွေလဲ ဖြစ်ကြပါတယ်။ အရာရာကို အကောင်းဘက်က ကြည့်ပေးတတ်ကြပါတယ်။ အပေါင်းအသင်း လုပ်ဖော်ကိုင်ဘက်တွေအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူများဖြစ်ပြီး နွေးထွေးကြသူတွေပါ။ ပျော်ပျော်နေတတ်သူတွေ များပါတယ်။ ရှည်ရှည်ဝေးဝေး သိပ်မစဉ်းစားပဲ လက်ရှိအခြေအနေကိုသာ ရှေးရှုတတ်သူတွေ ဖြစ်ကြပါတယ်။

(၅) အားကစားဖိနပ်အကြိုက်ဆုံးဆိုသူတွေက ပွင့်ပွင့်လင်းလင်းနေတတ်သူတွေပါ

မိန်းကလေးဖြစ်ပေမယ့်လဲ အားကစားဖိနပ်ကို စီးရတာကိုသာ သဘောကျဆုံးသူတွေ ရှိကြပါတယ်။ သူတို့တွေကတော့ ဟန်မဆောင်တတ်သူတွေ ဖြစ်ကြပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အတွက် တစ်ခါတစ်လေ နားလည်ရခက်တဲ့သူ ဖြစ်နေတတ်ပါတယ်။ ဇွဲကောင်းသူတွေလဲ ဖြစ်ကြပါတယ်။ အရာရာကို လက်တွေ့စမ်းသပ်ချင်စိတ် ရှိကြသူတွေပါ။ အခက်အခဲတွေတွေ့လဲ အလွယ်တကူ နောက်မဆုတ်တတ်ကြပါဘူး။ တီထွင်နိုင်စွမ်းလဲ ရှိကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားသူတွေလဲ ဖြစ်ပါတယ်။

(၆) ဖိနပ်အပါးအကြိုက်ဆုံးဆိုသူတွေက သနားကြင်နာတတ်သူတွေပါ

ဒေါက်မပါတဲ့ လေဒီရှူးလိုမျိုး ဖိနပ်အပါးမျိုးတွေကို သဘောကျအနှစ်သက်ဆုံးဆိုသူတွေဟာ သူတပါးအပေါ် အလွန်ကြင်နာသနားတတ်သူတွေ ဖြစ်ကြပါတယ်။ သူတစ်ပါးကို ကူညီရတာ၊ ဂရုစိုက်စောင့်ရှောက်ရတာကို သဘောကျနှစ်သက် ပျော်ရွှင်နေကြသူတွေပါ။ ရိုးရှင်းစွာနေရတာ သဘောကျကြပါတယ်။ မိသားစုအပေါ်လဲ ယုယမြတ်နိုးပြီး သူငယ်ချင်းတွေရော မောင်နှမမိသားစုကပါ သင့်ကိုလေးစားချစ်ခင်တတ်ကြပါတယ်။ စိတ်ကူယဉ်ဆန်တတ်ကြပြီး ခံစားလွယ်သူတွေလဲ ဖြစ်ကြပါတယ်။

(၇) လည်ရှည်ဘွတ်ဖိနပ်အကြိုက်ဆုံးဆိုသူတွေက စူးစမ်းလိုစိတ်ရှိသူတွေပါ

စတိုင်ကျတဲ့ လည်ရှည်ဘွတ်ဖိနပ်လိုမျိုး ဖိနပ်အမျိုးအစားကို သဘောအကျဆုံးဆိုသူတွေဟာ စူးစူးစမ်းစမ်းစိတ်ရှိသူတွေ ဖြစ်ပါတယ်။ အမြဲလို ရွှင်လန်းတတြွ်ကစွာ နေတတ်သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကို အမြဲကြိုဆိုနေတတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ကြပါတယ်။ ဆန်းဆန်းပြားပြားတွေကို သဘောကျလေ့ရှိပြီး တန်ဖိုးကြီးတာ ခေတ်မှီတာတွေကို ပိုသဘောကျတတ်သူပါ။ ခရီးသွားရတာကို သဘောကျတတ်ကြပြီး အသစ်အသစ်တွေကို ရှာဖွေရတာကို ပျော်နေတတ်သူပါ။

Most Popular

Healthy Life Ad
To Top