Healthy Life Ad
Health Tips

ရင်သားကင်ဆာ ကုသအောင်မြင်တာ ၁၄ နှစ် ကြာပြီဖြစ်သည့် ဒေါ်တင်တင်ယု

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသက် ၄၇ နှစ်တွင် စတင်ခံစားခဲ့ရသည့် ရင်သားကင်ဆာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် အသက် ၆၂ နှစ်အရွယ် ဒေါ်တင်တင်ယုက သူ၏ ကင်ဆာကုသမှု အတွေ့အကြုံများကို ယခုလိုမျှဝေထားပါသည်။ ၂၀ဝ၅ ခုနှစ်မတိုင်မီ ညာဘက်ရင်သားတွင် အကျိတ်တစ်ခုစတင်တွေ့ရှိပြီး ခွဲထုတ်ကာ အသားစယူ စစ်ဆေးမှုခံယူခဲ့ရာ ရိုးရိုးအဆီကျိတ်ဟုသာ အဖြေထွက်ခဲ့ကြောင်း ဒေါ်တင်တင်ယုက ပြောပြခဲ့သည်။

“အရင်တုန်းက တစ်ခါဖြစ်ဖူးပေမယ့် ရိုးရိုးအကျိတ်လို့ သိရတယ်။ ၃-၄နှစ်ကြာမှ ၂၀ဝ၅ ခုနှစ်မှာ ညာဘက်ရင်သားမှာ အကျိတ်လေးကို ထပ်စမ်းမိတယ်။ စမ်းမိပေမယ့် အန်တီ့သားငယ်က ၁၀ တန်း ဖြေမယ့်နှစ်ဆိုတော့ သိပ်အာရုံမထားမိဘူး။ ဒါပေမဲ့ အကျိတ်လေးကိုတော့ စမ်းစမ်းကြည့်နေမိတယ်။ စမ်းကြည့်ရင်း တဖြည်းဖြည်းမသိမသာလေး ကြီးလာတာကို သတိထားမိတယ်။ တစ်နှစ်ခွဲလောက်ကြာမှ ခွဲစိတ်ပြီးထုတ်ဖြစ်တာပါ။ အဲဒီအကျိတ်ကို အသားစယူ စစ်ဆေးလိုက်တဲ့အခါ ရင်သားကင်ဆာအဆင့်(၂)ဆိုပြီး အဖြေသိရပါတယ်”ဟု ဒေါ်တင်တင်ယုက ရင်သားကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။ ကင်ဆာဟုသိသိချင်း ဒေါ်တင်တင်ယုစိတ်ထဲ ဝမ်းနည်းမှု၊ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့မဖြစ်ခဲ့ဘဲ ကင်ဆာရောဂါကို ကုသမည်ဟုသာ သတ္တိရှိရှိ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“အန်တီက ကင်ဆာလို့သိပေမယ့် ဘယ်လိုမှ သိပ်မခံစားရဘူး။ အကျိတ်စတွေ့တာနဲ့ စာတွေကြိုဖတ်ထားတယ်။ စိတ်ကိုလည်း ဖြေဖျောက်ထားတယ်။ “ငါကင်ဆာဖြစ်ရင် ဘယ်လိုရင်ဆိုင်မလဲ၊ စိတ်ကိုဘယ်လိုထားမလဲ”ဆိုပြီး ပြင်ဆင်ထားတယ်။ အသားစအဖြေမရခင်အထိ စိတ်ကိုပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက် တကယ့်တကယ် အဖြေရတော့လည်း အန်တီကိုယ်တိုင်ပဲသွားယူတယ်၊ အန်တီကိုယ်တိုင်ပဲ ဖတ်တယ်။ အဲဒီအဖြေမယူခင်ကတည်းက ဆရာဝန်ကြီး ဦးသိန်းညွန့်နဲ့ပြချိန်မှာ သိပ်မကြိုက်

“ကင်ဆာဖြစ်နေသူတွေကို ဘာမှစိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ အခုခေတ်က အန်တီတို့ခေတ်နဲ့စာရင် အများကြီး တိုးတက်နေပြီ၊ ဆေးဝါးတွေကလည်း ခေတ်မီနေပြီလေ။ ဒီတော့ ဘာမှစိတ်ဓာတ်မကျကြပါနဲ့။ ကင်ဆာဆိုတာ စောစောသိလေ၊ ကုသအောင်မြင်လေပဲ။ စောစောသိအောင် မသင်္ကာတာရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသကြပါ။ အန်တီက ဆေးကုသမှု ဘာကြောင့်အောင်မြင်သလဲဆိုတော့” . . .

ဘူးဆိုတာ အကဲခတ်မိတယ်လေ။ ဆရာကလည်း တစ်ခါတည်းပြောထားတယ်။ ၄၀-၆၀ပဲ၊ မကောင်းတဲ့ဘက်က ၆၀၊ ကောင်းတဲ့ဘက်က ၄၀ လို့ပြောတယ်။ အဲဒီကတည်းက စိတ်ကို ဒုန်းဒုန်းချထားလိုက်တယ်။ အဖြေမှာ ကောင်းတယ်ဆိုရင် ပျော်မယ်၊ မကောင်းရင် အေးဆေးပဲဆိုပြီး စိတ်ကိုပြင်ဆင်ထားလိုက်တယ်။ ဒါနဲ့ အဖြေရရချင်း ညတွင်းချင်း ဆေးရုံတက်ပြီး ညာဘက်ရင်သားကို ခွဲထုတ်လိုက်ပါတယ်” ဟု ဒေါ်တင်တင်ယုက ရင်သားကင်ဆာကုသမှုအကြောင်း ပြောပြခဲ့သည်။

ကင်ဆာအကျိတ်ရှိသည့် ညာဘက်ရင်သားခွဲထုတ်ပြီးချိန်တွင် ကင်ဆာဆေး ၁၂ ကြိမ်သွင်းပြီး ဓာတ်ရောင်ခြည်ကုထုံးကို ၂၅ ကြိမ် ခံယူခဲ့ရကြောင်း သိရသည်။ “ပထမဆုံးအကြိမ် ကင်ဆာဆေးသွင်းစအချိန်မှာတုန်းက နည်းနည်းမူးနောက်နောက်လေး ခံစားရတယ်။ အစကတည်းက ကင်ဆာဆေးသွင်းရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုနေရမယ်ဆိုတဲ့ စာတွေကို ဖတ်ရှုလေ့လာထားတော့ ငါကင်ဆာဆေးသွင်းရင် ဖြစ်ချင်မှဖြစ်မှာ၊ ငါခံနိုင်ရည်ရှိတယ်၊ ခံနိုင်ရည်ရှိအောင် ကြိုးစားမယ်စသဖြင့် စိတ်ကိုအမြဲတမ်း ပြင်ဆင်ထားတဲ့အတွက်ကြောင့် အန်တီ ပထမဆုံးတစ်ကြိမ်လောက်ပဲ မူးနောက်နောက်ဖြစ်ပြီး နောက်အကြိမ်တွေမှာ ဘာမှမဖြစ်ဘူး။ အိုကေပဲ။

အဲဒီအချိန်မှာ အန်တီက ဆီးချိုစရှိနေတော့ ဆီးချိုအတွက် အစားအသောက်ဆင်ခြင်ရင်းနဲ့ ကင်ဆာအတွက်ပါ ဆင်ခြင်ဖြစ်တယ်။ ကင်ဆာကတော့ အားရှိအောင်စားရတယ်၊ ဆီးချိုကတော့ အစားအသောက်ကို ဆီးချိုမတက်အောင် ထိန်းစားရတယ်။ ဒီတော့ ကိုယ်စားချင်တဲ့ အစားအသောက်တွေကို စားပါတယ်။ အဲဒီအချိန်မှာ ဆီနဲ့ငရုတ်သီးကို လုံးဝမမြင်ချင်ဘူး။ အသုပ်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးတွေစားချင်တော့ အဲဒါတွေစားတယ်။ အစားလုံးဝမပျက်ဘူး။ ပုံမှန်စားပါတယ်”ဟု ဒေါ်တင်တင်ယုက ဆိုသည်။

ဒေါ်တင်တင်ယုသည် ကင်ဆာဆေးသွင်းကုသမှုကို Green Cross ဆေးခန်းတွင် ပြီးဆုံးအောင်မြင်စွာ ခံယူခဲ့ပြီး ဓာတ်ရောင်ခြည်ကုထုံးကို ရန်ကုန်ဆေးရုံကြီးတွင် အောင်မြင်စွာ ခံယူနိုင်ခဲ့ကြောင်း သိရသည်။ “အန်တီက ပင်ကိုက နည်းနည်းအိုက်တတ်တော့ ဓာတ်ရောင်ခြည်ကုထုံး ခံယူချိန်မှာ နည်းနည်းပူတယ်၊ အိုက်တယ်၊ အဲဒါလေးတော့ ခံစားရတယ်။ ဆေးသွင်းလိုက်၊ ဓာတ်ကင်လိုက် တလှည့်စီလုပ်ရင်း

“အကျိတ်စတွေ့တာနဲ့ စာတွေကြိုဖတ်ထားတယ်။ စိတ်ကိုလည်း ဖြေဖျောက်ထားတယ်။ “ငါကင်ဆာဖြစ်ရင် ဘယ်လိုရင်ဆိုင်မလဲ၊ စိတ်ကိုဘယ်လိုထားမလဲ”ဆိုပြီး ပြင်ဆင်ထားတယ်။ အသားစအဖြေမရခင်အထိ စိတ်ကို ပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက် တကယ့်တကယ်အဖြေရတော့လည်း အန်တီကိုယ်တိုင်ပဲ သွားယူတယ်၊ အန်တီကိုယ်တိုင်ပဲ ဖတ်တယ်။”

ကျော်ဖြတ်နိုင်ခဲ့တယ်”ဟု အန်တီဒေါ်တင်တင်ယုက ဆိုသည်။ “ကင်ဆာနုရင် ကျော်လွှားနိုင်တယ်”ဆိုသော ဗဟုသုတရှိသဖြင့် တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခဲ့သူ ဒေါ်တင်တင်ယုအတွက် ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းကိုမူ ယခုလိုပြောပြခဲ့သည်။

“အန်တီ့အဘွားက အန်တီတောင်မမှီလိုက်ဘူး။ သူကတော့ ရင်သားကင်ဆာလို့ ပြောတယ်။ အန်တီက သမီးကို နို့ဘူးပဲတိုက်ခဲ့ရတယ်၊ သားကိုတော့ မိခင်နို့တိုက်ခဲ့တယ်။ တခြားတော့ ဘာကြောင့် ရင်သားကင်ဆာဖြစ်သလဲဆိုတာ မပြောတတ်ဘူး။ အန်တီက ပုံမှန်ပဲနေထိုင်တယ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်။ အိမ်အလုပ်တွေလည်း ပုံမှန်သွက်သွက်လက်လက်လုပ်တယ်။ အန်တီက ငြိမ်ငြိမ်ထိုင်နေတတ်သူလည်း မဟုတ်ဘူး” ရင်သားကင်ဆာ ကုသပြီးနောက်ပိုင်း ၉ နှစ်တာ ကာလအတွင်း ဖျားနာခြင်းပင်မရှိဘဲ ကျန်းမာနေခဲ့သော ဒေါ်တင်တင်ယုသည် ဆရာဝန်ချိန်းဆိုချက်အတိုင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူစဉ် အဆုတ်တွင် အရိပ်လိုလို၊ မှိုလိုလို တွေ့ရှိခဲ့ရသည်။

“ဆရာဝန်ကလည်း အဆုတ်ဓာတ်မှန်မှာ အရိပ်လိုလို၊ မှိုလိုလိုတွေ့တယ်လို့ ပြောတယ်။ သူလည်း ဘာမှန်းသေချာမပြောနိုင်ဘူး။ အဲဒါနဲ့ နှစ်လနေတော့ ပြန်ပြီးဓာတ်မှန်ရိုက်တဲ့အခါ မပြောင်းလဲဘူး၊ ဒီအတိုင်းပဲ၊ လေးလအကြာမှာ ထပ်ရိုက်တော့ ဒီအတိုင်းပဲ။ နောက်နှစ်လအကြာမှာ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ပေမယ့် ဘာမှထူးထူးထွေထွေမပါဘူး။ ဒါနဲ့ “အသားစယူကြည့်ရမလား”လို့ ဆရာမဒေါ်ရှုမွန်နဲ့ တိုင်ပင်ကြည့်တယ်။ မြန်မာပြည်မှာ အဲဒီနေရာက အသားစယူဖို့ခက်တယ်၊ ယူနိုင်ဖို့ မလွယ်ဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ ခဏစောင့်ကြည့်ရင်း မိသားစုက နည်းနည်းစိတ်ပူတာနဲ့ ဒေါက်တာဦးစိုးအောင်နဲ့ ထပ်ပြတယ်။ ပင်လုံမှာ စုပေါင်းဆွေးနွေးတဲ့ အဖြေအရ တီဘီရှိ၊ မရှိ စစ်မယ်ဆိုပြီး ဓာတ်ခွဲခန်းမှာ မေ့ဆေးနဲ့ရင်ခေါင်းထဲက အရည်ယူစစ်တယ်။ နှစ်ရက်လောက်ကြာတော့ တီဘီမရှိဘူးဆိုပြီး အဖြေထွက်လာတယ်။ တီဘီမရှိတော့ ခွဲစိတ်မယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ အန်တီကလည်း ချောင်းလည်းမဆိုး၊ နေလို့လည်းကောင်း၊ အိပ်လို့လည်းပျော်၊ စားလို့လည်းဝင်ဆိုတော့ မခွဲချင်ဘူး။ အဲဒါနဲ့ ဆရာကြီးဦးစိုးအောင်နဲ့ တိုင်ပင်တော့ ဘန်ကောက်ဆေးရုံကို သွားပြပြီး စစ်ဆေးဖို့ပြောတယ်။ ဘန်ကောက်ဆေးရုံရောက်တော့ အပ်လေးနဲ့ အသားစယူစစ်ကြည့်တော့ ကင်ဆာမရှိဘူး၊ တီဘီဖြစ်နိုင်ခြေရှိတဲ့ ဆဲလ်တွေကြီးထွားနေတယ်၊ ပိုးသတ်ဆေးသာ သောက်ပါလို့ အဖြေပေးလိုက်ပါတယ်”

မြန်မာပြည်ပြန်လာပြီး အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးဝင်းနိုင်နှင့် ထပ်မံပြကာ တီဘီဆေးသောက်ရာ ခြောက်လအကြာတွင် ဓာတ်မှန်ထဲကအရိပ်မှာ သိသိသာသာ မှိန်သွားကြောင်း၊ ပုံမှန် တစ်နှစ်တစ်ခါ စစ်ဆေးရာတွင် အဆုတ်ထဲက အရိပ်မရှိတော့ကြောင်း သိရသည်။ ယခုအခါ ခင်ပွန်းဦးဇော်ဝင်း၊ သားသမီးနှစ်ဦးနှင့်အတူ ရန်ကုန်မြို့၊ မြောက်ဒဂုံတွင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အန်တီဒေါ်တင်တင်ယုက သူ၏ကင်ဆာကုသအောင်မြင်မှုမှတစ်ဆင့် အခြားဘဝတူ ဝေဒနာရှင်များကို ယခုလို အားပေးစကား ပြောကြားထားပါသည်။ “စိတ်ကြောင့်ပဲ အောင်မြင်တယ်လို့ ထင်ပါတယ်။ ကြောက်လည်းကြောက်မနေဘူး။ ဖြစ်လာတော့ ကုရုံပဲ၊ ကုမရလည်း သေရုံပဲ။ အခုထိလည်း အဲဒီစိတ်ပဲ ထားပါတယ်။ အန်တီက မနက်ဆို ဘလက်ကော်ဖီ၊ ပေါင်မုန့်ကြမ်းစားတယ်၊ နေ့ခင်းဆိုရင် အသီးအရွက်များများ၊ သားငါးအနည်းငယ်၊ ထမင်းက ပန်းကန်လုံးတစ်လုံးပဲစားတယ်။ ညနေဆိုရင် ပေါင်မုန့်တစ်ချပ်၊ ဟင်းချို၊ အသီးအရွက်သုပ်၊ သားငါးအနည်းငယ်စားတယ်။ ဒီအတိုင်း နေလို့ကောင်းနေပါတယ်။

ကင်ဆာဖြစ်နေသူတွေကို ဘာမှစိတ်မပူကြပါနဲ့လို့ ပြောချင်ပါတယ်။ အခုခေတ်က အန်တီတို့ခေတ်နဲ့စာရင် အများကြီးတိုးတက်နေပြီ၊ ဆေးဝါးတွေကလည်း ခေတ်မီနေပြီလေ။ ဒီတော့ ဘာမှစိတ်ဓာတ်မကျကြပါနဲ့။ ကင်ဆာဆိုတာ စောစောသိလေ၊ ကုသအောင်မြင်လေပဲ။ စောစောသိအောင် မသင်္ကာတာရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသကြပါ။ အန်တီက ဆေးကုသမှု ဘာကြောင့်အောင်မြင်သလဲဆိုတော့ ဆရာဝန်တွေပြောစကား တသွေမတိမ်း နားထောင်တယ်၊ ဆရာဝန်ချိန်းတဲ့အတိုင်း မှန်မှန်ပြတယ်။ အဲဒါကြောင့်ပဲ။ ဆေးမြီးတိုတွေ၊ တခြားသူတွေပြောတဲ့ဆေးတွေ မလုပ်ဖြစ်ပါဘူး။ အနောက်တိုင်းဆေးကိုပဲ ဆရာဝန်တွေညွှန်တဲ့အတိုင်း မှီဝဲခဲ့ပါတယ်။ အဓိက စိတ်ဓာတ်ခိုင်မာရင် ကျော်လွှားအောင်မြင်ပါတယ်”

(မှတ်ချက်။ ဓာတ်ပုံကို အန်တီဒေါ်တင်တင်ယု၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top