Healthy Life Ad
Q & A

အဆီချဆေးအကြောင်း သိချင်ပါတယ် . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အဆီချဆေး ဘယ်နှမျိုးရှိပါသလဲ။ အဆီချဆေးတစ်မျိုးဖြစ်တဲ့ Atorvastin Calcium 10 mg ဆေးပြားရဲ့ အကျိုးအပြစ်ကို သိချင်ပါတယ်။ အဲဒီအဆီချဆေးက ဘယ်သူမဆို သောက်သုံးလို့ရပါသလား။ မတည့်တဲ့လက္ခဏာ ပြတာတွေ ရှိပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

A. သွေးထဲက အဆီကျစေတယ်။ အသည်းအဆီ လျော့စေနိုင်တယ်။ သွေးကြောနံရံ ကျန်းမာစေတယ်။ သွေးကြောနံရံ အဆီဖုံးပြီး ကျဉ်းမြောင်းတာ လျော့နည်းစေနိုင်တယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်ရပါမယ်။ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ကြွက်သားရောင်ခြင်း၊ အသည်းထိခိုက်ခြင်းများ ဖြစ်နိုင်ပါတယ်။ မတည့်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top