Healthy Life Ad
Q & A

အလှပြင်ရင်း မျက်စိအဆီဖုလေးတွေဖြစ်နေလို့ပါ . . .

မေး. ကျွန်မက မျက်စိကို အိုင်းလိုင်နာဆိုးတာ၊ အိုင်းရှဲဒိုးခြယ်တာတွေ လုပ်ဖြစ်ပါတယ်။ ဒါကြောင့်လားမသိဘူး၊ မျက်စိအဆီဖုလေးတွေ မကြာခဏ ဖြစ်တတ်လို့စိတ်ညစ်ရပါတယ်။ မျက်စိအဆီဖု မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲဆရာ။
ထူးထူး(သာကေတ)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မျက်စိအဆီဖုမဖြစ်အောင် ကာကွယ်မှုအနေနဲ့ မျက်နှာကိုချွေးပေါက်မပိတ်အောင် ရေနွေးနဲ့ သေချာဆေးကြောပေးသလိုပဲ Meibomian Gland ရှိတဲ့ မျက်ခမ်းနေရာတွေကို ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။ ဆေးပေးရမယ့်နေရာက အိုင်းလိုင်နာဆိုးတဲ့ မျက်တောင်နဲ့ မျက်ခမ်းဆုံတဲ့နေရာကို ဆေးပေးရမှာပါ။ အိပ်ရာနိုးချိန်၊ ရေချိုးချိန်နဲ့ အိပ်ချိန် ဒီသုံးကြိမ်မှာ ခပ်နွေးနွေးရေနဲ့ ဆေးကြောပေးရင် အဆင်ပြေပါတယ်။ ဒါဆိုရင်ချွေးပေါက်ပိတ်ဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။ ဒါဆိုရင် ကူးစက်ပိုးဝင်နိုင်ခြေလျော့ကျသွားပြီး အဆီဖုဖြစ်နိုင်ခြေလည်း လျော့နည်းသွားနိုင်ပါတယ်။ လိုအပ်ရင် မျက်တောင်ကို Johnson တံဆိပ် ဘေဘီရှမ်ပူနဲ့ဆေးပေးပါ။ ဒါဆိုရင် မျက်စိအဆီဖုဖြစ်တဲ့အကြိမ် လျော့နည်းသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top