Healthy Life Ad
Q & A

နွားနို့သောက်တိုင်း ဝမ်းလျှောတာ ဘာကြောင့်ပါလိမ့် …

မေး. ကျွန်တော် နွားနို့သောက်တိုင်း ဝမ်းလျှောနေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ ဆက်သောက်လို့ ရပါသလား။
ဦးထွေး၊ မင်္ဂလာဒုံ။

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. နွားနို့သောက်လို့ ဝမ်းလျှောတယ်ဆိုတာကို ပြောရမယ်ဆိုရင် ပထမအနေနဲ့ နွားနို့ထဲမှာ Lactose ဆိုတဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ အဲဒီဓာတ်နဲ့ မတည့်တဲ့သူတွေက ဝမ်းလျှောတတ်ပါတယ်။ တချို့နိုင်ငံခြားမှာတော့ Lactose Free ဆိုပြီး လက်တို့စ်မပါတဲ့ နွားနို့ထုတ်ထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ လက်တို့စ်ဓာတ်ကို သန့်စင်ပြီး ထုတ်မပေးနိုင်သေးပါဘူး။ နောက်တစ်ချက်စဉ်းစားရမှာကတော့ နွားနို့က စစ်၊ မစစ်ဆိုတာပါပဲ။ နွားနို့က မစစ်ရင်လည်း ဖြစ်နိုင်ပါတယ်။

အခုနောက်ပိုင်း တချို့က နွားနို့ကို ရေရောပါတယ်။ ပြီးရင် နွားနို့ပြစ်အောင်လို့ဆိုပြီး Magnesium Sulfate ဆိုတဲ့ ဓာတ်တွေထည့်ကြပါတယ်။ နောက်အရောင်ဝါ အောင်ဆိုပြီး ကပ်စေးနှဲတွေထည့်ကြပါတယ်။ မလိုင် တက်အောင် ဆိုပြီး စက္ကူတွေ ထည့်ကြပါတယ်။ ဆရာတို့ သုတေသနလုပ်လိုက်တဲ့ နွားနို့တော်တော်များများမှာ အဲလိုတွေလုပ်ထားတာကို သွားတွေ့နေရပါတယ်။ နွားနို့ကို ရေရောထားလားဆိုတာကို ဟိုက်ဒရိုမီတာနဲ့ တိုင်းလို့ရပါတယ်။ ဆရာတို့ တိုင်းကြည့်လိုက်တာနဲ့ နွားနို့တွေထဲမှာ ရေတွေပါနေတာကိုတွေ့နေရတာများပါတယ်။

နွားနို့က တကယ်စစ်လို့ ဝမ်းလျှောတယ်ဆိုရင်တော့ လတ်တို့ဓာတ်နဲ့ မတည့်တာကြောင့်ပဲဖြစ်နိုင်ပါတယ်။ အဲဒီဓာတ်မပါတဲ့ နွားနို့ကတော့ နိုင်ငံခြားမှာတော့ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ အဲဒါမှမဟုတ်ရင်တော့ နွားနို့တွေက မစစ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီနှစ်ချက်ကိုပဲ စဉ်းစားကြည့်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top