Healthy Life Ad
Q & A

ဆေးလိပ်သောက်သူ အလုပ်ဗီဇာအခက်ရှိနိုင်လား

Q.သူငယ်ချင်းအစ်မကြီးတစ်ယောက်က ဆေးလိပ်သောက်နေတာ ၆ နှစ်လောက်ရှိပါပြီ။ သောက်လိုက်ရပ်လိုက်နဲ့ စွဲစွဲမက်မက်မဟုတ်ပေမယ့် သူကအပျော်သဘောမျိုး ဖွာနေတာပါ။ နောက်အပတ်ဆိုရင် အလုပ်ကိစ္စနဲ့ သူဆေးသွားစစ်ရတော့မှာမို့ သူအရမ်းလန့်နေတယ်။ x-ray ရိုက်ရင်ပေါ်မလား ဒါမှမဟုတ် သွေးထဲမှာနီကိုတင်းတွေ့မလားဆိုပြီး လန့်နေပါတယ်။ သူ့အရင်တစ်ခါ ချောင်းဆိုးတော့ ဆရာဝန်တွေကစစ်တော့ အဆုတ်ဘာမှမဖြစ်ဘူးပြောတယ်။ သွေးပဲစစ်တယ်။ ဘာမှအထွေအထူးမတွေဘူးပြောတယ်။ x-ray မှာ ဆေးလိပ်သောက်တဲ့သူဆိုသိသားလား။ အဲဒီအတွက်ရော သူ့အလုပ်ဗီဇာအတွက် အခက်အခဲရှိနိုင်ပါသလား။

A.ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေနဲ့တော့ မတူဘူးပေါ့။ ဆေးစစ်ရင်သိနိုင်တာတွေ ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ရိုက်ရင် တီဘီ၊ အဆုတ်ပွ၊ နမိုးနီးယား၊ ကင်ဆာဆိုတာတွေကိုသာ သိနိုင်တယ်။ ချောင်းဆိုးတိုင်းလည်း ဓာတ်မှန်မှာ ဘာမှမပြတာရှိနိုင်တယ်။ သွေးစစ်တာကလည်း ဘာကိုစစ်မလဲဆိုမှ ပေါ်-မပေါ်သိမယ်။ အများအားဖြင့် ဆေးစစ်တာက အသေးမစိတ်ပါ။ အခုလိုစိုးရိမ်မှုရှိတာ တခုတော့ကောင်းမယ်ထင်တယ်။ စိုးရိမ်လို့ ဆေးလိပ်လျှော့သောက်တာဖြစ်ရင် လျှော့သလောက်ကောင်းမှာပေါ့။ အားပေးပေါ့ လျှော့အောင်-ဖြတ်အောင်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top