Healthy Life Ad
Health Tips

မှိုဆိပ်သင့်ခြင်းအန္တရာယ်

မှိုစားပြီး အဆိပ်သင့်တယ်ဆိုတာကို မကြာခဏဆိုသလို ကြိုကြားကြိုကြား ကြားသိရပါတယ်။ မှိုတွေမှာ အန္တရာယ်ကင်းကင်းစားနိုင်တဲ့ မှိုအမျိုးအစားတွေရှိသလို အဆိပ်ရှိတဲ့မှိုတွေလည်း ရှိပါတယ်။

အဆိပ်ရှိမှိုတချို့က ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

အဆိပ်ရှိမှို၏ လက္ခဏာများ

– မှိုပွင့်ရဲ့ အခြေမှာ အခွက်ပါရှိတယ်။

– မှိုပွင့်ရဲ့ ရိုးတံမှာ ခြေချင်းပါရှိတယ်။

– မှိုထီးရွက်ပေါ်မှာ အကြေးဖတ်ငယ်တွေ ပြန့်ကျဲပါရှိတယ်။

– မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်တွေက အဖြူရောင်ဖြစ်နေတတ်တယ်။

– မှိုထီးရွက်က အရောင်အဆင်း တောက်ပပြီး လှနေတတ်တယ်။

– အစိမ်းရောင် မှိုမျိုးမှုန်တွေ ထုတ်လွှတ်တတ်တယ်။

မှိုတွင် အဆိပ်ရှိ၊ မရှိ စမ်းသပ်နည်း

– မှိုကို လက်နဲ့ညှစ်ကြည့်ရင် အညိုကွက်တွေဖြစ်ပေါ်လာခြင်းနဲ့ ချေကြည့်ရင် သွေးရောင်ထွက်လာခြင်း

– မှိုဟင်းထဲကို စတီးဇွန်း ဒါမှမဟုတ် ဓားနဲ့ မွှေကြည့်လိုက်ရင် မှိုဟင်းမည်းသွားခြင်း

– မှိုဟင်းထဲကို ကြက်သွန်နီထည့်လိုက်ရင် ကြက်သွန်နီဥ မည်းသွားခြင်း၊

– မှိုကို ဆားရည်ထဲ စိမ်လိုက်ရင် အရောင်မည်း လာခြင်း

မှိုဆိပ်သင့်သော လက္ခဏာများ

မှိုစားပြီး ၂၀ မိနစ်မှ ၄ နာရီအတွင်း မူးဝေအော့အန်ခြင်း ၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ဦးနှောက် အာရုံကြောအဆိပ်သင့်ပြီး စိတ်ခြောက်ခြားခြင်း၊ အသက်အန္တရာယ်ရှိခြင်း။

မှိုဆိပ်သင့်ခြင်းအန္တရာယ် ကင်းဝေးစေရန်

– မိမိစားနေကျ၊ စားဖူးတဲ့ မှိုတွေကိုပဲ စားပါ။

– အများစားသုံးတဲ့ မှိုတွေကိုပဲ စားပါ။

– အဆိပ်ရှိတယ်လို့ သံသယဖြစ်ဖွယ်မှိုတွေ၊ သေချာမသိတဲ့ မှိုတွေ၊ မစားဖူးတဲ့ မှိုတွေကို မစားပါနဲ့။

– မှိုဆိပ်သင့်တဲ့ လက္ခဏာတွေပေါ်ရင် အနီးဆုံးဆေးရုံကို ချက်ချင်းပို့ပြီး ဆေးကုသမှု အမြန်ဆုံးခံယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top