Healthy Life Ad
Health Tips

သင့်နှလုံးအတွက် အကောင်းစား အဆီ

– စူး (ဆေးဝါးတက္ကသိုလ်)

အဆီအအိမ့်စာတွေကို များများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီဓာတ်တွေလည်း ရှိပါတယ်။ အဲဒီအဆီဓာတ်တွေရရှိနိုင်ဖို့ အောက်ပါအစာတွေကို စားသင့်ပါတယ်။


– ငါး

ဘယ်လိုအဆီပါဝင်သလဲ
ဆယ်လ်မွန်၊ မက်ကရာယ်၊ ဟာအင်း၊ ဆာဒင်းနဲ့ တူနာ အစရှိတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ဆိုတဲ့ အကျိုးပြုအဆီ ပါဝင်ပါတယ်။ ဒါကြောင့် ငါးအဆီဟာ နှလုံးကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စေတာပါ။ တစ်ပတ်မှာ အဆီများတဲ့ငါးကို နှစ်ကြိမ်စားသင့်ပါတယ်။


– ထောပတ်သီး

ဘယ်လိုအဆီ ပါဝင်သလဲ
ထောပတ်သီးမှာ ကောင်းမွန်တဲ့ Oleic အဆီဓာတ်ပါဝင်ပြီး မိုနိုမပြည့်ဝဆီဖြစ်တာကြောင့် နှလုံးအကျိုးပြုပါတယ်။ ဆင်းဒဝှစ်ချ်ထဲမှာ ထောပတ်သီး ထည့်စားပါ။ ဒါမှမဟုတ် ထောပတ်သီးဖျော်ရည်သောက်ပါ။ အရသာရှိတဲ့ထောပတ်သီးက နှလုံးကျန်းမာစေပြီး အရိုးအဆစ်ရောင်နာ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ထောပတ်သီးကို တခြားအစာတွေနဲ့တွဲစားရင် အာဟာရဓာတ်ကို စုပ်ယူနိုင်စွမ်းပိုကောင်းပါတယ်။


– အစေ့အဆန်

ဘယ်လိုအဆီ ပါဝင်သလဲ
ရွှေဖရုံစေ့၊ နေကြာစေ့နဲ့ နှမ်းစေ့စတဲ့ အစေ့အဆန်တွေမှာပါတဲ့ မပြည့်ဝဆီတွေဟာ သွေးတွင်းကို လက်စထရောကိုကျစေပြီး နှလုံးကျန်းမာစေပါတယ်။


– အခွံမာသီး

ဘယ်လိုအဆီ ပါဝင်သလဲ
အခွံမာသီးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီပါဝင်တာကြောင့် နှလုံးကျန်းမာစေတာ ဖြစ်ပါတယ်။


– သံလွင်ဆီ

ဘယ်လိုအဆီ ပါဝင်သလဲ
သံလွင်ဆီမှာပါတဲ့ Oleic အဆီဓာတ်ကို ဟင်းရွက်သုပ်တဲ့အခါနဲ့ ဟင်းချက်ရာမှာ ထည့်သုံးရင် နှလုံးကို ကျန်းမာစေပါတယ်။


– ဟင်းသီးဟင်းရွက်

ဘယ်လိုအဆီပါဝင်သလဲ
ဟင်းနုနယ်ရွက်၊ ကိုက်လန်စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လို အဆီကောင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် တစ်နေ့ နှစ်ခွက်-သုံးခွက် စားသင့်တာ ဖြစ်ပါတယ်။


– ဥအမျိုးမျိုး

ဘယ်လိုအဆီ ပါဝင်သလဲ
ဥအမျိုးမျိုးမှာ မရှိမဖြစ် ဖက်တီးအက်စစ်ပါဝင်ပြီး ကျန်းမာရေး အကျိုးပြု အဆီများစွာ ပါဝင်ပါတယ်။ တစ်နေ့မှာ တစ်လုံးစားနိုင်ပါတယ်။


– ပဲအမျိုးမျိုး

ဘယ်လိုအဆီ ပါဝင်သလဲ
ပဲနီစေ့၊ ပဲပုပ်စေ့ စတဲ့ ပဲတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လို ကောင်းတဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top